အခြေခံလစာ ပြည်သူများ ဘ၀...
ဆယ်တန်းအောင်/ ဘွဲ့ရ အလုပ်ဝင်--
တလ ပျမ်းမျှ ၁ သိန်း ၅ သောင်း....
အဆောင်ခ- ၃ သောင်း+ထမင်း တနေ့ ၂ထောင် - ၆ သောင်း+ဖုန်းဘီလ်- ၁ သောင်း+အလှကုန် အသုံးေ
ဆာင်ဝယ်- ၂ သောင်း+သရေစာ စား- ၁ သောင်းခွဲ+ အိမ်ကို ပြန်ပေး- ၁ သောင်း
စုစုပေါင်း- ၁ သိန်း ၄ သောင်းခွဲ
ပိုငွေ- ၁လ ၅ ထောင်
၁ နှစ်လုံးစုမှ- ၅ သောင်း
၁၀ နှစ်အလုပ်လုပ်မှ- ၅ သိန်း
ရွှေတစ်ကျပ်သားကို ၉ သိန်းနီးပါး...
သာမန် ၀န်ထမ်းတယောက်အဖို့ ၁၀ နှစ်အလုပ်လုပ်ရင်တောင် ရွှေတစ်ကျပ်သား ၀ယ်နိုင်ဖို့ ခက်ခဲပါတယ်...
ကုမ္ပဏီဝန်ထမ်းဘ၀နဲ့ တိုက်ခန်း၊ ကား၊ အိမ်ခြံဝယ်နိုင်ဖို့ဆိုတာ အဝေးကြီး....
ဒီတော့ မြန်မာပြည်မှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ...ပညာတွေသင်... ဘွဲ့ရ အလုပ်ဝင်တော့
၁ လ ၁သိန်းခွဲဝန်းကျင်...
တလကို ဒေါ်လာ ၁၁၀ ၀န်းကျင်...တရက်ကို ဒေါ်လာ 3.5 ဒေါ်လာလောက်...
တသက်လုံး...လူမွေးလူရောင် မပြောင်ပါဘူး....
ဒီတော့ တတ်နိုင်တဲ့သူတွေက သိန်း ၁၀၀ လောက်ရင်းပြီး ဂျပန် / ကိုရီးယားတို့မှာ အလုပ်လုပ်၊
တလကို မြန်မာငွေ ၁၈ သိန်းလောက်ရကြတယ်...
ဘုန်းကျော်တို့လို့ သြဇီ နိုင်ငံသားဖြစ်တဲ့သူတွေကျတော့ အလုပ်ကြမ်းလုပ်တောင် တလကို သိန်း ၈၀လောက်ရ
ကြ...
သြဇီမှာ ပညာတတ် ဆရာဝန်ဆိုရင် တလ သိန်း ၁၅၀ လောက်ရကြတယ်...
USA နဲ့ ကနေဒါမှာ သူနာပြု Nurse လောက်ဆိုရင်တောင် တလကို US တသောင်းကျော် ၊ မြန်မာငွေ သိန်း
၁၅၀ လောက်ရကြပါတယ်....
ပြောချင်တာက မြန်မာပြည်မှာ လမ်းရိုးကြီးအတိုင်း ဆယ်တန်းအောင် အဝေးသင်တက်၊ ဘွဲ့လေးတလုံးရ၊
ဝန်ထမ်းလုပ်၊ အစိုးရ၀န်းထမ်း or Company ၀န်ထမ်းပဲလုပ်လုပ်၊
အများစုဟာ အသက်ဆက်ရှင်နေရုံ၊ ထမင်းလေးစားနေရုံကလွဲလို့၊ လူမွေးလူရောင်မပြောင်ပါဘူး...
မြန်မာပြည်မှာ ပညာတတ်ဖို့ သင်နေတာက သောက်ချိန်တွေကုန်ပြီး၊ ပညာတတ်ဖို့မလိုတဲ့ လုပ်ငန်းတွေက ငွေ
ပိုရနေပါတယ်....
ဥပမာ- တက်စီမောင်းသူတွေက အပိုင်ဆို တလကို ၅ သိန်း ၆ သိန်းဝန်းကျင်လောက်ရကြပါတယ်..
အရင်းအနှီးက ကားတစီး- သိန်း ၁၄၀လောက်ပေါ့...
မုန့်ဟင်းခါးဆိုင်း၊ ကွမ်းယာဆိုင်တွေက ဘဏ်တွေမှာ ရှိုးစမိုးနဲ့ လုပ်နေတဲ့ စကီလေးတွေထက် ဆတိုး ပိုရပါ
တယ်....
မြို့ထဲ၊ လှည်းတန်းမှာ ညနေပိုင်း၊ ညပိုင်း လမ်းဘေးအကင်ဆိုင်၊ ဘာညာဆိုင်လေးတွေရဲ့ တလ၀င်ငွေဟာ မ
ထင်မှတ်လောက်အောင် များပြားပါတယ်...
မြန်မာပြည်မှာ ကိုယ်ပိုင်ဆိုင်လေးတွေ၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာ၊ အသုပ်၊ အကင်၊ဆိုင်လေးတွေက ပိုဝင်ငွေ
ရပါတယ်...
နောက်တမျိုးက စွန့်စားပြီး ကျောက်တူးတာ၊ ကုန်ကူးတာ၊ ဘိန်းဘာညာတွေပေါ့...အာ့တွေက Risk များတ
ယ်...
Safe ဖြစ်တာကတော့ ဂျပန်၊ကိုရီးယား၊ သြစီသွားအလုပ်လုပ်တာမျိုး-- တလ သိန်း၂၀၀န်းကျင်
သင်္ဘောသားကတော့ ပင်ပန်းကြမ်းတမ်းတာပေါ့...ကက်ပတိန်ဖြစ်ရင် တလ သိန်း ၁၀၀ ကျော်....
အချက်လေးတွေ ပါ...
ပြောချင်တာက ...မြန်မာပြည်မှာ အများစုက ဆယ်တန်းအမှတ်များ၊ ဘာညာ ဖိအားတွေ ပေးကြတယ်...
ဆယ်တန်းဆိုတာ ဘာမှ မဟုတ်သလို၊ ဘွဲ့ရလည်း မြန်မာပြည်မှာ ၁သိန်းခွဲ ၀န်းကျင်ပါပဲ....
ဘ၀မှာ ရှင်သန်ချင်ရင် မိဘတိုင်းဟာ သားသမီးတိုင်းကို လမ်းကြောင်းဖေါ်ပေးသင့်တယ်
