ဦးထင်ကျော်သည် ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ သမတ မှတ်လား။
အင်္ဂလိပ်လိုပြောတာလည်း မဆိုးပါဘူး....
၂၁ ရာစု ပင်လုံညီလာခံမှာ -- မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတ တစ်ယောက် အနေနဲ့ -- အဖွင့်မိန့်ခွန်းလေးတော့ ပြောခွင့်ပေးသင့်ပါတယ်...
ဆွဲခန့် သမ္မတ ဆိုပေမဲ့...အချင်းချင်း...ဒီလောက်တောင် မှ-- လူရာ မသွင်းဘူးဆိုတော့လည်း --
မြန်မာပြည်ရဲ့ သမတ တယောက်အနေနဲ့ အင်မတန်ရှက်ဖို့ကောင်းပါတယ်..
သြော် အတ္တ....အတ္တ ....
ငါမှ တပါး တခြားသူ မယှဉ်ရ...
" ငါ နဲ့ ဘယ်သူမှ တန်းတူ လာမယှဉ်ရ "ဆိုတဲ့ အတ္တမာန်မာနဟာ အင်မတန်ကြောက်ဖို့ ကောင်းပါလား....
ကိုယ့်ကို လာယှဉ်ရင် ဘယ်သူ့ကိုမှ ချမ်းသာမပေးတဲ့
ဦးနေ၀င်း ရဲ့ အတ္တမာန်မာန ကို ပြန်သတိရမိတယ်...
![]() | |||
| တယောက်က မာန်မာန အပြည့်နဲ့ . | နောက်တစ်ယောက်က ဇက်ကျိုးပြီး ခေါင်းငိုက်စိုက်ကြလို့... | အဲ့ပုံလေးက အဓိပ္ပါယ်ပေါ်တယ် |
