Friday, April 20, 2018

အိမ်ထောင် ရေးအကြောင်း တစေ့တစောင်း

အိမ်ထောင် ရေးအကြောင်း တစေ့တစောင်း :D :D

အရက်သမား၊ ဆေးသမား ယောကျာ်းက ရိုက်နှက်လို့ ဒူးနဲ့ မျက်ရည်သုတ်ရတဲ့ မိန်းကလေးတွေ ရှိသလို ...

မိန်းမဖျက်လို့ စုတ်ပြတ်သတ်သွားတဲ့ ယောကျာ်း ဘ၀တွေ ရှိတယ်
တကယ်ဆို  ယောကျာ်းတွေ ဘ၀ဟာ ကျားလို့သာ ခေါ်သော် ငြားလည်း မီးမတွေရဲ့ ကြိုးဆွဲရာ ခံရတဲ့ ရုပ်သေးဘ၀တွေ ဖြစ်လိုက်

အရမ်းချစ်တာပဲလို့ နူးညံ့ညင်သာစွာ Fake voice လေးနဲ့ ပြောပြီး ဂျိုတပ်ပေးတာ ခံရတဲ့ နွားဘ၀ ဖြစ်လိုက်နဲ့...

ဥပမာတွေ ပြောပြရရင်

၁။ လောလောလတ်လတ် မေတ္တာရှင် ရွှေပြည်သာ --
ကိုးကွယ်ယုံကြည်သူတွေ သန်းပေါင်းများစွာရဲ့ လက်အုပ်ချီ အလေးအမြတ်ထားရတဲ့ ဘုရားသားတော်ဘ၀ကနေ >>> မိန်းမ ထမိန် အတွင်းခံလျှော်ရတဲ့ ခွေးဘ၀ ရောက်သွားအောင် လုပ်ပစ်လိုက်တာ>>>  မိန်းမ မာယာ

၂။ ထက်ထက်မိုးဦး- ပထမ မင်းဦးနဲ့ ကွဲတယ်။ လက်ခံသေးတယ်
ဒုတိယ Anegga နဲ့ ကွဲတယ်။ Anegga က ဘာမှ မပြောဘူး ကောင်းတယ်ဆိုးတယ် မပြောဘူး။ နောက် မိန်းကလေးတယောက်နဲ့ လက်ထပ်လိုက်တယ်....

အခု တတိယ စိုင်းလွှမ်းက ပြောပြီ။ ကလေးနဲ့ သူနဲ့ကို ထားပြီး ထက်ထက်မိုးဦးက ဆိုးတာတွေ ဖေါက်ပြန်ဘာညာတွေပေါ့

မိခင်စိတ်ရှိရမဲ့ အနေအထားမှာ မိန်းမ ဖြစ်သူက စောက်ဂရုမစိုက်တော့ ဖခင်စိတ်ရှိတဲ့ ကြင်နာသနားတတ်တဲ့  ယောကျာ်းတွေက ခံကြရတာပဲ

တချို့ ယောကျာ်းတွေက ဖခင်စိတ်ကော မိခင်လိုမျိုးရော ကလေးတွေကို ချစ်ကြင်နာတတ်ကြသလို...

တချို့ မိန်းမတွေလည်း ကြောက်စရာကောင်းလောက်အောင် ကလေးကို ကလေးထိန်းနဲ့ ပစ်ထားပြီး ကလပ်တက် အရက်သောက် ကဲနေတာမျိုးတွေရှိတယ်

၃။ ရဲလေးက့  ၀န်ကြီးဟောင်း ဦးအောင်မင်း သမီးလို ဒိတ်ဒိတ်ကြဲ ချမ်းသာတဲ့ မိန်းကလေးမျိုးရထားတာတောင် ကွဲတယ်။ ရွှေငွေ လိုလေ သေးမရှိ အဖက်ဖက်က ပြည့်စုံတာတောင် ရဲလေးက ဆက်မပေါင်းတော့ဘူး လစ်သွားတယ်။

၎။ ဇော်ဝင်းထွဋ်သား အီတူးက Ruby Dragon ပတ္တမြား နဂါး တကယ့်ကို ဒိတ်ဒိတ်ကြဲ အရမ်းချမ်းသာတဲ့ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမီးလိုမျိုး ရွှေငွေ စည်းစိမ် အကုန်ပြည့်စုံတဲ့ အနေအထားမှာတောင် လစ်သွားတယ်။ မပေါင်းဘူး

ဒီနေရာ မှာ ပြောချင်တာက....  ယောကျာ်းတွေဟာ ....တစ်ချို့ကောင်တွေက သိုက်တူးတဲ့ ကောင်တွေရှိပေမယ့်...

ဂုဏ်သိက္ခာရှိတဲ့  ယောကျာ်းတွေဟာ ငွေကြေးပစ္စည်း သိပ်မမက်ပဲ စိတ်ချမ်းသာမှုကို လိုချင်ကြတယ်

 ယောကျာ်း အများစုက စိတ်ချမ်းသာမှုကို လိုချင်ကြတယ်

ခင်ဗျားတို့မိန်းကလေးတွေ အသားအရမ်းမဖြူရင် နေပါစေ...
အရမ်း မကိတ်ရင်နေပါစေ.... အရမ်း မလှရင် နေပါစေ...

 ယောကျာ်းတွေကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ လိုတယ်...

 ယောကျာ်းတွေဟာ မိခင်လိုမျိုး ဂရုစိုက်ကြင်နာပေးတာကို ခံချင်ကြတယ်...

 ယောကျာ်းတွေက ပင်ပင်ပန်းပန်းနဲ့ အလုပ်ကပြန်လာချိန်မှာ ....မြင်ချင်ကြတာက..
..ကြည်နူးစဖွယ် သပ်သပ်ရပ်ရပ် ဖြစ်နေတဲ့ အိမ်ကလေးနဲ့ ဇနီးမယားက ကြင်ကြင်နာနာနဲ့ ထမင်းလက်ဆုံစား စိတ်ကြည်နူးစရာလေးတွေရယ်ပါ

 ယောကျာ်းကို ဘေးမှာ ထားပြီး ဖုန်းကလိနေတဲ့ မိန်းမမျိုး
ဖေ့ဘုတ်ပွတ်နေပြီး ယွကျားကို ရှိတယ်တောင် မထင်တဲ့ မိန်းမမျိုး

အလှတွေ ပြင် shopping ထွက်ဖို့လောက်အားသန်တဲ့ မိန်းကလေးမျိုး
ယောကျာ်းကို လိုချင်တာ ၀ယ်ပေးဖို့ ပူဆာဖို့လောက်ပဲ အသုံးချတဲ့ မိန်းကလေးမျိုး

ယောကျာ်းအတွက် အ၀တ်အစားလေးတွေ မီးပူတိုက်ပေးဖို့ ဝေးစွ...ကိုယ့်အ၀တ်အစားတောင် ကိုယ် မလျှော်တဲ့ ပစ်စလက်ခတ် မိန်းကလေးမျိုး

 ယောကျာ်းအတွက် ထမင်းတောင် ပြင်မပေးပဲ ...အလုပ်သမားတွေ ပြင်ကျွေးတာကို တယောက်တည်း စားရတဲ့ ယောကျာ်းတွေရဲ့ ဘ၀မျိုး

ကိုရီးယားကားကြည့်မပျက်....ကိုယ့်ယောကျာ်း ....အနားမှာတောင် မနေပေးပဲ.
..ဖေ့ဘုတ်ပွတ် မပျက်တဲ့ မိန်းကလေးမျိုးကို ( သေအောင် ချော၊ သေအောင် လှနေပါစေ )
ဘယ်ယောကျာ်းလေးမှ လိုချင်မှာ မဟုတ်ဘူး

ပေါ့ပျက်ပျက် မိန်းကလေးမျိုးကို  ယောကျာ်းတွေဟာ အပျော် သဘောလောက်ပဲ တွဲကြသလို..

ယောကျာ်းကို နင်နဲ့ ငါနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့  ကြမ်းကြမ်းတမ်းတမ်းမိန်းကလေးမျိုးတွေကိုလည်း   ( သေအောင် ချော၊ သေအောင် လှနေပါစေ ) ယောကျာ်းတွေက ဝေးဝေးရှောင်ပြေးကြမှာပါပဲ

တချို့မိန်းမတွေက... ငါက မင်းသမီးပဲ။
ငါက သူဌေးသမီးပဲ။
ငါက ဗိုလ်မှုးသမီးပဲ
ငါက ဆရာဝန်မပဲ
ငါက ကုမ္ပဏီပိုင်ရှင် ဒါရိုက်တာ မမကြီးပဲ
ငါက ၀န်ကြီး သမီးပဲ ဆိုပြီး မောက်မာ တာ သို့မဟုတ် ဘဲတွေကို အောက်ကျို့မခံချင်တာ ၊
ဘဲတွေကို  စောက်ဂရု မစိုက်ကြတဲ့အခါ ..မာနရှိတဲ့  ယောကျာ်းတွေက လစ်ကြတာပဲ....

တချို့သိုက်တူးတဲ့ ကောင်တွေက တော့ စောက်ရှက်မရှိ တာတွေလည်းရှိမှာပေါ့နော်..

သို့သော်  ယောကျာ်းတွေဟာ သူတို့ကို စိတ်အေးချမ်းမှု မပေးနိုင်တဲ့ မိန်းမ တွေကို ...
ဘယ်လောက်ပဲ ပြည့်စုံချမ်းသာနေပါစေ ထားခဲ့ကြတာပဲ...

တချို့မိန်းကလေးတွေက သူတို့ကိုယ်သူတို့ သိပ်ထင်ကြသလို...

 ယောကျာ်းတွေကို အထင်သေးပြီး နွားတွေ၊ စောက်ပေါတွေ လို ဆက်ဆံကြတာ အရမ်းမှားတယ်....

အိမ်ထောင်ရေး အကြောင်း တစေ့ တစောင်းပါ...

အရမ်းကြောက်ဖို့ ကောင်းတယ်...

အထူးသဖြင့် အပေါ်ယံ fake တွေနဲ့ ဖုန်းကွယ်ထားပြီး အထဲက အနှစ်တွေကို နောင်အခါမှ သိကြတဲ့ အခါ ကွဲပြဲကုန်ကြတာပဲ...

sai sai kham leng ဆိုသွားတာ base တူမှ ပါဝါချင်းပေါင်းတယ်

တကယ့်တကယ်က >>>> စိတ်သဘောထားချင်း Nature သဘောသဘ၀ချင်း တူမှ လူ ၂ယောက်က ရေရှည်ပေါင်းလို့ရတယ်...

မိန်းမက တရားသမား ၊ ယောကျာ်းက အရက်သမား ပေါင်းလို့မရလို...

လူရိုးလူအေး ယောကျာ်းနဲ့ ....ကလပ်တက် အရက်သောက် ဆိုရှယ် ကျတဲ့ ဆော်နဲ့ က ဘယ်လို မှ ရေရှည် အဆင်မပြေနိုင်ဘူး

Nature ချင်းတူမှရမယ်
ferking တခုတည်းကို သွားကြည့်လို့မရဘူး။
sex လုပ်တာနဲ့ ဘ၀၂ခု ပေါင်းစပ်တာနဲ့ ဘာမှ မဆိုင်ဘူး

sex လုပ်တာက ဘုရင့်သမီးနဲ့ သုဘရာဇာနဲ့ လည်း sex လုပ်လို့ရတယ်
ကလပ်မှာ ဒီညတွေ့တယ်။ ဒီည sex လုပ်လို့ရတယ် ဒါဘာမှ မဆန်းဘူး
ရည်းစားဘ၀မှာ sex လုပ်တာ အဆင်ပြေတိုင်း ဘ၀ အိမ်ထောင်ရေးဆိုတာ အဆင်ပြေတာ မဟုတ်ဘူး

love - sex လုပ်တာနဲ့ ဘ၀၂ခု ပေါင်းစပ်တာနဲ့ ဘာမှ မဆိုင်ဘူး

ယနေ့ မပြိုကွဲကြတဲ့ အိမ်ထောင် ၉၀% က လည်း အက်ကြောင်းတွေ များစွာမှာ ကလေးတွေ မျက်နှာထောက်ပြီး အလျှော် ဇယားနဲ့ ဘာမှ မဖြစ်သလို ဟန်ဆောင်နေကြတာပါ....

တကယ်တမ်းတော့ အိမ်ထောင်တိုင်းမှာ စောက်ပြဿနာပေါင်း အများကြီး ရှိကြတယ်

 ယောကျာ်း အများစု လိုချင်ကြတာ....စိတ်ချမ်းသာမှုရယ်.....မိခင်အစားထိုး ကြင်နာယုယ ပေးဖို့ရယ်...ဒါ အဓိကပဲ...

 ယောကျာ်း တာဝန်က ပိုက်ဆံရှာပေးနိုင်ရမယ်။ အိမ်ထောင် တခုကို ရပ်တည် အောင်မြင်အောင် runn ပေးနိုင်ရမယ်...

မိန်းကလေးဆိုတာ အရမ်းမချောရင်နေပါစေ၊ အရမ်းမလှရင်နေပါစေ
ကိုယ့်ယောကျာ်းရဲ့ စိတ်ကို စိတ်အေးချမ်း ကြည်နူးမှုကို ပေးစွမ်းနိုင်ရမယ်...

စိတ်ချမ်းသာ ချင်လို့ ယောကျာ်းတွေက မိန်းမယူကြတာပဲ

မိန်းမယူပြီးမှ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘယ်ကောင်က ရေရှည်သည်းခံမှာလဲ လစ်တော့မှာပေါ့... ဒါလေးတွေပါပဲ

**** ငါ ရုပ်ကလေးလှတယ်။ ရုပ်ခံလေးရှိတယ်။ အကောင်တွေကို အချိန်မရွေးတွဲလိုက် ဖြတ်လိုက်နိုင်တယ်။ ဒီကောင့်ထက် သာတာ အချိန်မရွေးရှာနိုင်တယ်ဆိုတဲ့ မိန်းကလေးမျိုးတွေကို ဒဲ့ပြောတာပါ....

ခင်ဗျားတို့ ရုပ်ခံလေးက ၁၀ နှစ်ပါပဲ။ ပြီးရင် အိုသွားပါပြီ။
ရုပ်ရည်မာန်မာနနဲ့ ဘဲတွေကို စိတ်ကြိုက်ကစားမယ်ဆို ကစားလို့ရပါတယ်...

သို့သော် အိမ်ထောင်ရေးမှာတော့ အပေါ်က ရေးထားတဲ့ အတိုင်းပါပဲ
အိမ်ထောင်ရေး ရေရှည်သာယာ တည်တံ့ဖို့ရာ ခင်ဗျားတို့ ရုပ်ရည်လေးတွေထက် ၊ ဘော်ဒီကိတ်တာ လေးတွေထက်<<<< အဆပေါင်းများစွာ အရေးကြီးတဲ့ အချက်တွေကို သေချာ လေ့လာလိုက်ပါအုန်းဗျာ :D :D :D

Wednesday, April 11, 2018

There is no Justice in Real Life

တရားမျှတမှု၊ အမှန်တရားဆိုတာ ဘယ်နေရာမှာမှ မရှိဘူး

အကုန်လုံးက အင်အားကြီးတဲ့အနေအထား ဖြစ်ရင် အသာစီးရတာပဲ

ဘာသာရေးလောကမှာ ဖြစ်စေ၊ နိုင်ငံရေးလောကမှာ ဖြစ်စေ၊

အင်အားကြီးမားတဲ့ အနေအထားဖြစ်အောင် လုပ်ပြီးမှ Link ချိတ်ပြီး ပေါင်းရိုက်နေကြတာပဲ

လည်တဲ့ ကောင်တွေက လုပ်စားသွားတာပဲ။

တကယ့်လောကမှာရိုးသားကြိုးစားတဲ့ သူတွေက နွားတွေလို ဖြစ်လို့...

RM ပရိသတ်ပါပဲ...

သို့သော် Old Lady ကြိုးစားလာသမျှ ဘာမှ မဆိုင်တဲ့ နောက်ဆုံးမိနစ်မှာ မတရားလုပ်ပြီး နိုင်သွားတာ ရှက်ဖို့ကောင်းတယ်လို့ ခံစားရတယ်

အားကစား လောက၊ ဘောလုံးလောကမှာ တော့ သန့်သန့်ရှင်းရှင်းကစားကြမယ်လို့ မျှော်လင့်မိခဲ့တယ်

ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားမှာကတည်း က ဖြူဖြူစင်စင် ကစားသွားတဲ့ ဂျပန်တွေက အုပ်စုအဆင့်မှာ ပြုတ်ပြီး

ယုတ်မာတဲ့ တောင်ကိုရီးယားတွေ က ညစ်ပတ် စုတ်ပြတ်ပြီး ကစားတာ ဆီမီးဖိုင်နယ်အထိ ရောက်တယ်....စောက် ကိုရီးယားတွေ ယုတ်မာတာ ဘာမှ ပြစ်ဒဏ်မခံရဘူး

မရိုးသားဘူးဆိုတာတော့ လူတိုင်းနားလည်ခံစားလို့ရတယ်

နောက်ဆုံး FIFA ဥက္ကဌ ဆပ်ဘလပ်တာ ကို FBI က လဒ်စားမှုတွေနဲ့ ၀င်ဖြုတ်တော့မှ

သြော်...အားကစားလောက၊ ဘောလုံးလောကလည်း မချန်....

ဘာသာရေးလောကမှာ ဖြစ်စေ၊ နိုင်ငံရေးလောကမှာ ဖြစ်စေ၊

အနေအထားအခြေအနေကိုကြည့်ပြီး လည်တဲ့ ကောင်က လုပ်စားသွားကြတာပဲလို့

မြန်မာပြည် တရားဥပဒေလည်း အကောင်ကြီးကြီး နဲ့ အကောင်ငယ်ငယ်ဆို အကောင်ပိုငယ်တဲ့ကောင်ကို အရှုံးပေးပြီး

အကောင်ပိုကြီးတဲ့ သူကို အနိုင်ပေးတဲ့ " ဗားမိ-ခွေးဥပဒေ " ပါလားလို့ သဘောပေါက်မိတယ်...

လောကမှာ တရားမျှတမှုဆိုတာ ဘယ်နေရာမှာ မှ မရှိဘူး

အနေအထားသာတဲ့ ကောင်တွေက လုပ်သွားတာပဲ...

ဒါကြောင့်လည်း အနေအထားသာ မယ်လို့ ထင်တဲ့ ဖက်တွေကို --
ကပ်ဖား ယက်ဖားတွေ လုပ်နေကြတာကိုး...

...ရိုးသားကြိုးစားပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးတွေ...

...စံပယ်ပန်းရောင်းတဲ့ ကလေးတွေ

...သူများအိမ်မှာ အခိုင်းအစေ လုပ်ရတဲ့ ကလေးငယ်လေးတွေ

စုတ်ပြတ်သတ်ဆင်းရဲလွန်းပြီး ဘ၀ပျက်သွားရှာတဲ့ ကလေးငယ်လေးတွေ အတွက်

တရားမျှတမှုဆိုတာ ဘယ်မှာလဲ?

အမှန်တရားဆိုတာ ဘယ်မှာလဲ ?

အမှန်တရား၊ တရားဥပဒေ၊ တရားမျှတမှုဆိုတာ အင်အားကြီင်္းမားတဲ့ သူတွေ အတွက်ပါပဲ...

မွဲပြာပုဆိုး ပြည်သူနင်းပြားတွေက ရောဂါဖြစ်ရင်- ဘယ်စောက်ဆရာဝန်မှ မကုပေးဘူး....လမ်းဘေးမှာသေ...

အစုတ်အပြတ်တွေစား

အရက်အပေါစားတွေသောက် ဒါနဲ့ပဲ သေကြ....

သြော်...........ဘ၀ ဘဝ