Wednesday, April 11, 2018

There is no Justice in Real Life

တရားမျှတမှု၊ အမှန်တရားဆိုတာ ဘယ်နေရာမှာမှ မရှိဘူး

အကုန်လုံးက အင်အားကြီးတဲ့အနေအထား ဖြစ်ရင် အသာစီးရတာပဲ

ဘာသာရေးလောကမှာ ဖြစ်စေ၊ နိုင်ငံရေးလောကမှာ ဖြစ်စေ၊

အင်အားကြီးမားတဲ့ အနေအထားဖြစ်အောင် လုပ်ပြီးမှ Link ချိတ်ပြီး ပေါင်းရိုက်နေကြတာပဲ

လည်တဲ့ ကောင်တွေက လုပ်စားသွားတာပဲ။

တကယ့်လောကမှာရိုးသားကြိုးစားတဲ့ သူတွေက နွားတွေလို ဖြစ်လို့...

RM ပရိသတ်ပါပဲ...

သို့သော် Old Lady ကြိုးစားလာသမျှ ဘာမှ မဆိုင်တဲ့ နောက်ဆုံးမိနစ်မှာ မတရားလုပ်ပြီး နိုင်သွားတာ ရှက်ဖို့ကောင်းတယ်လို့ ခံစားရတယ်

အားကစား လောက၊ ဘောလုံးလောကမှာ တော့ သန့်သန့်ရှင်းရှင်းကစားကြမယ်လို့ မျှော်လင့်မိခဲ့တယ်

ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားမှာကတည်း က ဖြူဖြူစင်စင် ကစားသွားတဲ့ ဂျပန်တွေက အုပ်စုအဆင့်မှာ ပြုတ်ပြီး

ယုတ်မာတဲ့ တောင်ကိုရီးယားတွေ က ညစ်ပတ် စုတ်ပြတ်ပြီး ကစားတာ ဆီမီးဖိုင်နယ်အထိ ရောက်တယ်....စောက် ကိုရီးယားတွေ ယုတ်မာတာ ဘာမှ ပြစ်ဒဏ်မခံရဘူး

မရိုးသားဘူးဆိုတာတော့ လူတိုင်းနားလည်ခံစားလို့ရတယ်

နောက်ဆုံး FIFA ဥက္ကဌ ဆပ်ဘလပ်တာ ကို FBI က လဒ်စားမှုတွေနဲ့ ၀င်ဖြုတ်တော့မှ

သြော်...အားကစားလောက၊ ဘောလုံးလောကလည်း မချန်....

ဘာသာရေးလောကမှာ ဖြစ်စေ၊ နိုင်ငံရေးလောကမှာ ဖြစ်စေ၊

အနေအထားအခြေအနေကိုကြည့်ပြီး လည်တဲ့ ကောင်က လုပ်စားသွားကြတာပဲလို့

မြန်မာပြည် တရားဥပဒေလည်း အကောင်ကြီးကြီး နဲ့ အကောင်ငယ်ငယ်ဆို အကောင်ပိုငယ်တဲ့ကောင်ကို အရှုံးပေးပြီး

အကောင်ပိုကြီးတဲ့ သူကို အနိုင်ပေးတဲ့ " ဗားမိ-ခွေးဥပဒေ " ပါလားလို့ သဘောပေါက်မိတယ်...

လောကမှာ တရားမျှတမှုဆိုတာ ဘယ်နေရာမှာ မှ မရှိဘူး

အနေအထားသာတဲ့ ကောင်တွေက လုပ်သွားတာပဲ...

ဒါကြောင့်လည်း အနေအထားသာ မယ်လို့ ထင်တဲ့ ဖက်တွေကို --
ကပ်ဖား ယက်ဖားတွေ လုပ်နေကြတာကိုး...

...ရိုးသားကြိုးစားပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးတွေ...

...စံပယ်ပန်းရောင်းတဲ့ ကလေးတွေ

...သူများအိမ်မှာ အခိုင်းအစေ လုပ်ရတဲ့ ကလေးငယ်လေးတွေ

စုတ်ပြတ်သတ်ဆင်းရဲလွန်းပြီး ဘ၀ပျက်သွားရှာတဲ့ ကလေးငယ်လေးတွေ အတွက်

တရားမျှတမှုဆိုတာ ဘယ်မှာလဲ?

အမှန်တရားဆိုတာ ဘယ်မှာလဲ ?

အမှန်တရား၊ တရားဥပဒေ၊ တရားမျှတမှုဆိုတာ အင်အားကြီင်္းမားတဲ့ သူတွေ အတွက်ပါပဲ...

မွဲပြာပုဆိုး ပြည်သူနင်းပြားတွေက ရောဂါဖြစ်ရင်- ဘယ်စောက်ဆရာဝန်မှ မကုပေးဘူး....လမ်းဘေးမှာသေ...

အစုတ်အပြတ်တွေစား

အရက်အပေါစားတွေသောက် ဒါနဲ့ပဲ သေကြ....

သြော်...........ဘ၀ ဘဝ