တစ်ချိန် မှာ ပြန်ကြည့်ချင်ကြည့်လို့ရအောင် အမှတ်တရခံစားချက် အမြင် မှတ်စုများကို ရေးသားထားခြင်းဖြစ်သည်။ ယခု blog လေး မှာ နောင် ၁၀ နှစ် နေ ပြန်ကြည့်လည်း ပို့စ်အားလုံး အရာမယွင်းကျန်ရှိတယ်။ facebook လို အချိန်မရွေး report ထု ဖျက်ချတာခံနိုင်တဲ့ အာဏာရှင်ခွေးမသား ဇာတ်ပျက်ဘာသာမဲ့ Zuckerberg ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ပဲ.... လွတ်လပ်မှုအပြည့်ရှိသော Google တွင် လွတ်လပ်စွာ ပျံသန်းခြင်း
Wednesday, July 4, 2018
Is Mercy a Weakness?
သနားကြင်နာ ခြင်းဟာ--- မွန်မြတ်ခြင်းလား---
ကြောက်ရွံ့ ပျော့ညံ့ခြင်းလား--
ဥပမာ -- စစ်ပွဲမှာ ကိုယ်က နိုင်နေလျက်နဲ့ မသတ်ပေးပဲ လွှတ်ပေးလိုက်တယ်
နောက်တော့ ကိုယ်လွှတ်ပေးလိုက်တဲ့ လူက ကိုယ့်ကို ပြန်ဖမ်းမိတဲ့ အခါ မလွှတ်ပေးပဲ ကိုယ့်ကို သတ်ပစ်မယ်...
ဥပမာ-- ကားမောင်းတဲ့ အခါ ကိုယ့်ဖက်က အသာ ရနေလျှက်နဲ့ ၊ ကိုယ်ယူထားတာ လမ်းကြောင်းမှန်နေလျက်နဲ့ လူပါးမ၀ ( အနိုင်မကျင့်ရက်ပဲ ) တဖက် ကားတွေ အဆင်ပြေပါစေ ဆိုပြီး ရပ်ပေးတယ်။
ကိုယ် တကယ်သွားမဲ့ အလှည့်ကျတော့ တဖက်ကားတွေက လမ်းမပေးဘူး....သောက်ဖက်တောင် မလုပ်ဘူး..
မီးပွိုင့်မှာ ကားတန်းမီးနီ မိတဲ့အခါ ...
ရိုးသားအားနာတတ်စွာနဲ့ ( သူများ ကားရှေ့က ကြာဖြတ်ဝင်ဖို့ အားနာ ကာ ) ကားတန်းကြီးနောက်ဆုံးက တန်းစီပေမဲ့--
ဖြတ်စား ကျော်စား ကားတွေက ရှေ့ဆုံးက လူပါးဝ ကျော်ဖြတ်ဝင်ပြီး မီးစိမ်းဖြတ်သွားတဲ့ အခါ
မီးနီကို ရိုးသားစည်းကမ်းရှိစွာ စောင့်နေတဲ့ ကားတွေက ငပေါတွေ လို ဖြစ်မသွားဘူးလား
ဥပမာတွေ အများကြီးပါ--
သူငယ်ချင်း မိတ်ဆွေတွေ -- ဘောလုံးပွဲလောင်းတယ်။
ကိုယ်ရှုံးတဲ့ အခါ ချက်ချင်းကို လောင်းကြေးငွေကို ပေးတတ်ပေမဲ့-- ကိုယ်နိုင်တဲ့ အခါ တဖက်လူက မပေးတာမျိုး၊ လစ်ပြေးတာမျိုး၊
ပေါ်တင်ကြီး မပေးပဲ လူပါးဝတတ်တာမျိုး :D :D
မိန်းကလေးတွေလည်း အဲ့လိုမျိုးပေါ့နော်..
ကိုယ်က ရိုးသားသစ္စာရှိပြီး ချစ်သူကောင်လေးတွေကို တွဲပေမဲ့-- ဆေးသမား အရက်သမား ဂေါ်လီကောင်တွေနဲ့ တွေ့ပြီး...
ကိုယ့်လောက်မှ မလှတဲ့ ချူစား ကောင်မတွေက -- ဘောစိကောင်တွေနဲ့ ကစားပြီး.... နောက်ဆုံးပေါ် ဖုန်းတွေ အ၀တ် အစားတွေ ၀တ်နိုင်၊ ဆိုင် အကောင်းစားတွေမှာ စားပြတဲ့ အခါ...
ရိုသားသစ္စာရှိစွာ တွဲတဲ့ ကောင်မလေးတွေက ငစနူလို ဖြစ်သွားတဲ့ ခေတ်......
မိန်းကလေး တယောက်က ကိုယ့်အပေါ်ကို တိမ်းညွှတ်နေပါရက်နဲ့ ကိုယ့်ဖက်က နှမသားချင်းနာစာပြီး--
သူ့ဘ၀လေး ညစ်နွမ်းသွားမယ်ဘာညာ စိတ်ထားကောင်းပြီး ဖြူဖြူစင်စင်လေးထားတယ်
ကောင်မလေးက မလုပ်ရက် မကိုင်ရက် ( အမှန်တော့ နှမချင်း အင်မတန်စာနာနေတာ ) ဖြစ်နေတဲ့ သူကို ထားခဲ့ပြီး...မောင်ဖြုတ်ကြီးတို့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတယ် --
ဒါမျိုးတွေပေါ့...
ကိုယ်က အသာစီး ရတဲ့ အချိန်မှာ လက်အောက်ငယ်သားတွေကို တန်းတူရည်တူဆက်ဆံပေမဲ့--
အဲ့ဒါကို အားနည်းချက်လို တက်နင်းပြီး လက်အောက်ငယ်သားတွေက ဖျင်ပြန်ချသွားတာမျိုး
( ဥပမာ ဗိုလ်ချုပ်အောင်ဆန်း )
တကယ့်ကို ပကာသန ကို မခုံမင်ပဲ ရိုးရိုးရှင်းရှင်းနေတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးကျတော့ --
ဒီလိုနိုင်ငံနဲ့ မထိုက်တန်ဘူး။ ခွေးသတ်သလို အသတ်ခံရတယ်။
လူတွေ့တာနဲ့ ပါးရိုက်တတ်တဲ့ ဂျပန်ဖက်ဆစ်လိုလူမျိုး၊
နေ၀င်းလိုလူမျိုးကျတော့ ဘယ်ကောင်မှ မလှန်ရဲဘူး။
မျက်လုံးတောင် ဆိုင်မကြည့်ရဲဘူး။ သေအောင် ကြောက်တတ်ကြတယ်...
ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း ၊ တရားမျှတခြင်းတွေဟာ နိုင်ငံကြီးသားပီသတဲ့ နိုင်ငံတွေမှာ ထိုက်တန်ပေမဲ့
မြန်မာနိုင်ငံလို လူယုတ်မာတွေကြီးစိုးပြီး ယုတ်မာနိုင်မှ အောင်မြင်တဲ့ နိုင်ငံမျိုးကျတော့ --
ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးတွေကို ငပျောသီး အခွံခွာစားသလို လွယ်လွယ်လေးနဲ့ရိုက်သတ်သွားရော....
မြန်မာနိုင်ငံမှာ က မိုက်ရိုင်းနိုင်မှ၊ လူပါးဝ နိုင်မှ၊ ဖြဲနိုင်မှ တော်ကာ ကျသလို ဖြစ်နေတယ်...
ယုတ်မာသူများ ရှင်သန်ကြီးထွားရာ နိုင်ငံ- -- ဗားမိနိုင်ငံ
