Monday, November 16, 2015

Historic Events

သမိုင်းဝင် ဖြစ်ရပ်အချို့



ဟစ်တလာ သည် အဲ့ခေတ် အဲ့ အခါ က New World Order ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ သူ ၁ ယောက်။
ဒါကြောင့် ဂျာမန်ပြည်သူတွေက ဟစ်တလာကို ဘယ်လောက် လှိုက်လှိုက်လှဲလှဲ ချစ်ခင် ကြည်ညိုလေးစားကြသလဲဆိုတာ သိနိုင်ပါတယ်။

အင်မတန် စည်းစနစ်ကျသော၊ စမတ်ကျသော၊ Gentleman ဆန်သော လူကြီးလူကောင်းတစ်ယောက်လို့ မြင်မိပါတယ်

မီဒီယာ တွေ ၀ါဒဖြန့်သလို ဦးနှောက်မရှိတဲ့ အာဏာရှင်လူမိုက်လူရမ်းကား ပုံစံမျိုးမဟုတ်ဘူးဆိုတာ ဗီဒီယိုထဲမှာ တွေ့နိုင်ပါတယ်

ဖိနှိပ်လွန်းအားကြီးရင် အုံကြွတွန်းကန်တတ်တယ်။
ပထမ ကမ္ဘာစစ်ပြီးတော့ ဗာဆိုင်းစာချုပ်အရ ဂျာမနီကို စစ်လျော်ကြေးတွေ တနင့်တပိုးပေးခိုင်းတယ်။
၁၉၂၀-၁၉၃၀ ကျော် ဂျာမနီနိုင်ငံရဲ့ အခြေအနေက အင်္ဂလိပ်တို့ ပြင်သစ်တို့ ရဲ့ မတရားသဖြင့် လုပ်မှုကြောင့် ဂျာမနီဟာ သူတောင်းစား သာသာနိုင်ငံ၊ ဖာသယ်နိုင်ငံပုံစံ ဖြစ်သွားခဲ့တယ်

ဥရောပတိုက်ရဲ့ ဖာအပေါများဆုံး၊ ဈေးအပေါဆုံး ဖာမြို့တော်ဖြစ်အောင် လုပ်ထားကြတယ်။

တစ်ချို့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ ဟာ အစားအစာ ပေါင်မုန့်လောက်ရဖို့ မိမိခန္တာကိုယ်ကို ရောင်းစားရတဲ့ ဘ၀ဖြစ်အောင် အင်္ဂလိပ်တို့ ကလုပ်ထားခဲ့ကြတယ်။

ငွေကြေးဖောင်းပွမှုနှုန်းက အဆိုးဆုံးဖြစ်သွားတယ်။ အလုပ်လက်မဲ့တွေ ၇ သန်းလောက် ဖြစ်သွားတယ်။
လူငယ်တွေ ဟာဦးတည်ချက်ပျောက်နေကြတယ်။

အဲ့လို အဖက်ဖက် ကဆိုးဝါးစွာ ဖိနှိပ်ခံထားရတဲ့ အချိန်မှာ

အညတရသူရဲကောင်းတစ်ဦးပေါ်ပေါက်လာခဲ့တယ်။
သူက တော့ အဲဒေါ့ ဟစ်တလာပဲဖြစ်တယ်။

ဟစ်တလာက သူရဲ့ အဖဂျာမနီနိုင်ငံတော်ကို ကမ္ဘာ့အလည်မှာ ၀င့်ထည်စွာ ဂုဏ်သိက္ခာရှိရှိပြန်လည်ရပ်တည်နိုင်စေချင်တယ်။

ဖြစ်အောင်လည်း ကြိုးစားတယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။

စားရမဲ့ သောက်ရမဲ့ အလုပ်လက်မဲ့ ဂျာမန်လူမျိုး ၇ သန်းကျော်ကို ၃ နှစ်အတွင်းမှာ အလုပ်အကိုင်တွေ ၇ သန်းကျော် ဖန်တီးပြီး အလုပ်လက်မဲ့ ပပျောက်စေခဲ့တယ်။

ကမ္ဘာ့စံချိန်တင် အချိန်တို အတွင်း စီးပွားရေး နာလန်ထကာ အင်အားပြန်ကောင်းစေခဲ့တာဖြစ်ပါတယ်။

၆နှစ် ၇ နှစ်လောက် အတွင်း ဂျာမနီ စီးပွားရေးက ဥရောပမှာ မယုံကြည်နိုင်လောက်အောင် တရှိန်ထိုးတိုးတက်လာတယ်။

ဒီအတိုင်း ဟစ်တလာကို လွှတ်ထားရင် ဥရောပမှာ ဂျာမနီ ဟာ ပြန်လည် ဦးမော့ ခေါင်းထောင်လာပြီး၊
စီးပွားရေး အင်အားကြီး၊ စစ်ရေးအင်အားကြီး ၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံမျိုးဖြစ်လာတော့မယ်။

ဒါကို အင်္ဂလိပ်က မနာလိုဘူး။ ဂျာမနီကို ဖျက်ဆီးချင်တယ်။
သမာရိုးကျ ရိုးရိုးသားသား ယှဉ်ပြိုင်ရင် အင်္ဂလိပ်ဟာ ဂျာမနီကို တသက်လုံး မနိုင်ဘူး

ဒီတော့ အင်္ဂလိပ် က ထုံးစံအတိုင်း ကလိမ်ကကျစ်နဲ့ ဥာဏ်နီဥာဏ်နက်တွေ သုံးပြီး ညစ်ပတ်စုတ်ပဲ့စွာ ညစ်တွန်းတွန်း ကစားပြီး ဂျာမနီကို ဖျက်ဆီးတော့တာပေါ့

ဟစ်တလာ သည် အဲ့ခေတ် အဲ့ အခါ က New World Order ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ သူ ၁ ယောက်။
ဒါကြောင့် ဂျာမန်ပြည်သူတွေက ဟစ်တလာကို ဘယ်လောက် လှိုက်လှိုက်လှဲလှဲ ချစ်ခင် ကြည်ညိုလေးစားကြသလဲဆိုတာကြည့်ပါ။

သို့သော် သူ့နောက် တခြားနိုင်ငံတွေက လိုက်မလာကြဘူး

ဒီတော့ ဂျာမနီကို ရပ်ကွက်ထဲက လူမိုက်တွေ က ၀ိုင်းရိုက်ပြီး အိမ် ကို မီးရှို့ဖျက်ဆီးလိုက်ကြတာပေါ့။

New World Order ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ဟစ်တလာ စစ်ရှုံးသွားပြီး အခု ယနေ့ခေတ်ဘာဖြစ်လဲ

၁% သော သူတွေက ကမ္ဘာ့လူဦးရေ ၉၉% ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ထိန်းချုပ်ထားပြီး

၉၉% သော လူတွေက ၁%သော ကော်ပိုရေးရှင်းကြီးတွေ အောက်မှာ ပုရွက်ဆိတ်တွေလို အခစား အလုပ်လုပ်နေကြရတော့တာပါပဲ

ဟစ်တလာ စစ်မျက်နှာ ၂ ဖက် ဖွင့်တိုက်လို့ စစ်ရှုံးခဲ့ရတယ်။

ဟစ်တလာလို စစ်မျက်နှာ ၂ ဖက် ၀ိုင်းတိုက်ခံရပြီး အင်မတန် ကျဉ်းတည်းကျပ်တည်း အခြေအနေမျိုးကြုံတွေ့ခဲ့ရပေမဲ့ အံ့သြဖွယ်ကောင်းလောက်အောင် စစ်မျက်နှာ ၂ ဖက်စလုံးကို အနိုင်တိုက်နိုင်ခဲ့ တဲ့ လျှမ်းလျှမ်းတောက် ဘုရင်မင်းမြတ်တစ်ပါး မြန်မာ့ ရာဇ၀င်မှာ ရှိခဲ့တယ်။

သူ က တော့ အလောင်းဘုရားရဲ့ သားတော် ဆင်ဖြူရှင်မင်း ဖြစ်ပါတယ်။
မြန်မာ့ သမိုင်းမှာ မကြုံစဖူးထူးကဲလှတဲ့ ပြိုင်စံရှား ဘုရင်ဟာ ဆင်ဖြူရှင်မင်း ဖြစ်ပါတယ်။

ဆင်ဖြူရှင်မင်းသည် သူ့ဖခမည်းတော် တိုက်ရင်းနတ်ရွာစံခဲ့ရတဲ့ ယိုးဒယား ၊ အယုဒ္ဒယကို စစ်သည်တွေ နဲ့ တိုက်နေချိန်မှာ မြန်မာနိုင်ငံကို တရုတ်တပ်တွေ အလုံးအရင်းနဲ့ ချီတိုက် ကျူးကျော်တာ လာခဲ့တယ်။

တစ်ဖက်မှာ လည်း ထိုင်းစစ်တပ်နဲ့ တိုက်နေရချိန်
နောက်ကျော မှာ လည်း မြန်မာနိုင်ငံကို တရုတ်စစ်တပ်ကြီး က အလုံးအရင်းနဲ့ တိုက်ခိုက်လာနေပြီ။

အင်မတန်မှ ကျဉ်းတည်းကျပ်တည်း အခြေအနေမျိုးကြုံတွေ့ခဲ့ရပေမဲ့

ဆင်ဖြူရှင်မင်းတရားကြီးဟာ အံ့ခမန်း စစ်မျက်နှာ ၂ ခုစလုံးကို အနိုင် တိုက်ခဲ့ပါတယ်။

ထိုင်းကို အရင်ပြီးအောင် သိမ်းတယ်။

အင်းဝက မြန်မာစစ်သည်သူရဲကောင်းတွေက ရသမျှ အင်အားလေးနဲ့ တရုတ်တွေကို ခုခံထားတယ်။

ယိုးဒယားကို အရင်အောင်နိုင်အောင် သိမ်းပိုက်တယ်။

ပြီးတာ့မှ ဘာပြောကောင်းမလဲ

တရုတ်စစ်တပ်ကြီးကို ယူနန်နယ်ထဲအထိ ၀က်ဝက်ကွဲ လိုက်တိုက်တာ တရုတ်စစ်သည်တွေ အသက်လုပြီး ယူနန်ပြည်ထဲ အထိ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရတယ်။

တရုတ်စစ်တပ်ကြီးဟာ ဆင်ဖြူရှင်မင်းတရားကြီးခေတ်မှာ မြန်မာပြည်ကို တစ်ကြိမ်တည်းမဟုတ်။
၎ ကြိမ်တိုင်တိုင် လာကျူးကျော်တယ်

တစ်ကြိမ်မှာဆိုရင် အင်းဝနေပြည်တော်နား တရုတ်တပ်တွေ ရောက်လာတော့ မူးမတ်တွေက ဆင်ဖြူရှင်မင်းကို အင်းဝ နေပြည်တော် က နေ ခေတ္တဆုတ်ခွာဖို့ အကြံပေးတယ်။

အဲ့အချိန်မှာ ဆင်ဖြူရှင် ဟာ ရာဇ၀င်တွင်မဲ့ စကားကို ပြောခဲ့တယ်။

ဆင်ဖြူရှင် ဟာ သူ့ အဖခမည်းတော် အလောင်းဘုရား ကိုင်ခဲ့တဲ့ ဓါးကို ဆွဲထုတ်ပြီးတော့ " ငါ့မှာ လက်တစ်ဖက်တည်း ကျန်ရှိရင်တောင် ဒီ တရုတ်တွေကို နိုင်အာင်တိုက်မယ် " ဆိုပြီး ရဲရဲတောက် စကား ဆိုခဲ့တယ်

ဖတ်ရင်းနဲ့ ကြက်သီးတဖြန်းဖြန်းထမိပါတယ်။ ရဲရဲနီစွေးသော ရှေးမြန်မာများရဲ့ သွေးပါ။

မြန်မာ့သမိုင်းမှာ အခုခေတ်၊ အရင်ခေတ် ဘယ်ခေတ်ဘယ်အခါကမှ တရုတ်တွေကို စစ်ပြိုင်တိုက်ပြီး အနိုင်ယူနိုင်စွမ်းရှိတဲ့ မင်းမျိုး မရှိခဲ့ဖူးဘူး။

ဆင်ဖြူရှင် မင်းတပါးသာရှိခဲ့တယ်။

ဆင်ဖြူရှင်ဟာ အရှေ့တောင် အာရှမှာ မြန်မာတွေကို စစ်အင်အားအကြီးမားဆုံး၊ အကျယ်ပြန့်ဆုံးအင်ပါယာ တည်ထောင်ခဲ့ပြီး
မဏိပူရ၊ အာသံ၊ ဇင်းမယ်၊ ထိုင်း၊ ယူနန်ပြည်နယ်အစိတ်အပိုင်းအချို့ကို သိမ်းယူနိုင်ခဲ့ပေမဲ့

ရခိုင်ပြည်ကို မသိမ်းခဲ့ပါဘူး။ ရခိုင်သွေးချင်းကို respect ထားခဲ့တယ်

အဲ့ခေတ်က စစ်သူကြီးက " မဟာသီဟ သူရ" ပါ။ အင်မတန်တော်တဲ့ စစ်သူကြီးပေါ့။
ဆင်ဖြူရှင် က ယူနန်တရုတ်တွေကို ယူနန်ပြည်အထိ တက်သိမ်းခိုင်းတာ မြန်မာတွေက နိုင်ပြီး တရုတ် စစ်တပ်ကို ၀ိုင်းထားပြီးပါပြီ။

သို့သော် စစ်သူကြီး " မဟာသီဟ သူရ" က နောင် အရှည် ဖြစ်မှာစိုးလို့ ယူနန်တရုတ်ဧကရာဇ်နဲ့ ငြိမ်းချမ်းရေးစာချူပ်ချုပ်ခဲ့တော့

ဆင်ဖြူရှင်မင်း စိတ်ဆိုးပြေအောင် အပြန်မှာ မဏိပူရ Manipur အာသံ Assam ( ယခု အိန္ဒိယ ပြည်နယ်များ ) ကို မြန်မာပိုင်သိမ်းယူလာပါတယ်

( ယနေ့ခေတ် မြန်မာ့တပ်မတော် မှ သူရဘွဲ့ ၊ သီဟသူရဘွဲ့တို့သည် အဆိုပါ စစ်သူကြီး " မဟာ သီဟ သူရ " အမည်ကို သုံးထားခြင်းလို့ ယူဆမိပါသည်။ စာရေးသူ ထင်မြင်ချက် သက်သက်သာ )

ဆင်ဖြူရှင်ရဲ့ သူငယ်ချင်းပြင်သစ်လူမျိုးစစ်ဗိုလ်လေးလည်းရှိပါတယ်။ ပြင်သစ်စစ်သားလေးက အလောင်းမင်းတရားခေတ် မွန်မြန်မာ စစ်ပွဲမှာ
မွန်တွေကိုကူဖို့ သင်္ဘောအပြည့်နဲ့ ရောက်လာတဲ့ ပြင်သစ်စစ်သားလေးပေါ့ ၁၈ နှစ် အရွယ်လောက်ပေါ့။

ဆင်ဖြူရှင်နဲ့ ရွယ်တူလောက်ဆိုတော့ ညီအစ်ကိုရင်းသဖွယ်ခင်မင်သွားပါတယ်။ ဆင်ဖြူရှင်လက်အောက်မှာ စစ်မှုထမ်းရင်း ထိုင်းကို သိမ်းတော့ ပြင်သစ်စစ်ဗိုလ်လေးရဲ့ အကြံဥဏ်တွေပေးရင်း အတူတကွ စစ်ချီကြတာပေါ့။

အဲ့ ပြင်သစ်စစ်ဗိုလ်လေးလည်း မြန်မာမလေးနဲ့ရပြီး မြို့၁မြို့ကို မြို့စား အဖြစ် ဆင်ဖြူရှင် က ပေးခဲ့ ကာ မြန်မာပြည်မှာပဲ အဲ့ ပြင်သစ်စစ်ဗိုလ်လေး မြန်မာမလေးနဲ့ရပြီး ကောင်းကောင်းမွန်မွန်ပဲ သေဆုံးသွားပါတယ်။

တွေးကြည့်ရင် အဲ့ခေတ်က လွမ်းမောစရာလေးပါ။ ရှေးမြန်မာ တွေ အရည်အချင်းရှိ၊ ဥာဏ်ရည်ဥာဏ်သွေးကောင်း

ဆင်ဖြူရှင်သာရှိရင် မြန်မာတွေ ကျွန်ဘ၀ ဘယ်ရောက်မလဲ။ အနှစ် ၃၀ လောက် အချိန်ရတာနဲ့ အသေးစိတ်ပြင်ဆင် ၊ လက်နက်တွေ ၀ယ်။
စစ်ပညာတွေ သင်ပြီး အင်္ဂလိပ်ကို ခံစစ်တိုက်ရင် အေးဆေးရတယ်။

အဲ့ခေတ်က လေတပ်မှ မပေါ်သေးတာ။

သို့သော်လည်း ကျိန်စာသင့် မြန်မာရာဇ၀င်အရ အရည်အချင်းရှိ အင်မတန်တော်သော မင်းကောင်းမင်းမြတ်များ လူတော်များ အသက်မရှည်ရပါ။

ဗိုလ်ချုပ်အောင်ဆန်း ၃၃ နှစ်မှာ သေသွားသလို၊ ကနောင်မင်းသားကြီး ၄၆ နှစ်မှာ သေသွားသလို

ဆင်ဖြူရှင် သက်တော် ၃၉ နှစ်မှာ နတ်ရွာစံသွားပါတယ်။

အသက်လေး ၃၉ နှစ်အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ ဆင်ဖြူရှင်ရဲ့ စွမ်းစွမ်တမံ အရည်အချင်းတွေက မြန်မာတွေကို ဟိုးအပေါ်ဆုံးအထိ ရောက်စေခဲ့ပါတယ်။

ယိုးဒယားကို သိမ်းတယ်၊ မဏိပူရ၊ ဇင်းမယ်၊ အာသံကိုသိမ်းတယ်။
တရုတ် စစ်တပ်ကြီး ကျူးကျော်လာတာ ကို ၄ ကြိမ်တိုက်တယ်။

၎ ကြိမ်စလုံး တရုတ် စစ်တပ်ကြီးကို အနိုင်ယူခဲ့တယ်။

ဒါတင်မက ဆင်ဖြူရှင်ဟာ ၁၇၇၅ မှာ ရွှေတိဂုံစေတီတော်ကြီးကို ယခု ဥာဏ်တော်အမြင့်အထိရောက်အောင်မြှင့်ကာ ထီးတော်တင်ခဲ့ပါတယ်။