Monday, November 6, 2017

အရေးကြီးဆုံး Self Controlled Issues

ဘ၀မှာ အခက်ခဲဆုံးနဲ့ အရေးကြီးဆုံး Self Controlled Issues တွေရှိတယ်




၁။ Vegan Weight Loss, 
အသားတွေ စားခြင်းဟာ ၀ိတ်ကို တိုးစေရုံမျှမက...  သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ဆီးချိုရောဂါ 
၊ ရောင်ရမ်းခြင်းရောဂါ ( SLE RA ) တွေကိုပါဖြစ်စေတယ်။

တချို့ဝိတ်ချဖို့ ကြိုးစားသော်လည်း ပြန်ပြန်တက်တာဟာ အသားတွေ စားတာလည်းပါတယ်
ဝ ပြီဆိုရင် ရောဂါစုံပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့များတယ်။

ပိန်ပြီး လှနေမယ်။ ကိုယ်ခန္ဒာကျစ်ကျစ်လစ်လစ်နဲ့ လှချင်ရင် Vegan Weight Loss ကို တဖြည်းဖြည်းချင်း
ဆောင်ရွက်သင့်တယ်။

၂။ No Fap ( PMO )
သိတဲ့အတိုင်းပဲ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ အပြာကားတွေ ဖုန်းတွေ တက်ဘလက်တွေနဲ့ ကြည့်
ကြပြီး ယောကျာ်းလေး အများစု PMO တွေ ဖြစ်ကြတယ်
Over Fapping မှာ ဘာတွေ ဖြစ်လဲဆိုတော့ လူက ကြောင်တောင်တောင် ထိုင်းမှိုင်းလာမယ်။
ဥာဏ်ထိုင်းသလိုလို သတိလွတ်သလိုလို တွေဖြစ်မယ်
Low self esteem ဖြစ်မယ် ၊ ကိုယ့်ကိုကိုယ် confidence မရှိတော့ဘူး
လူကြောက်သလိုလို ဖြစ်မယ်၊ အားကုန်သလိုမျိုးကြီးဖြစ်နေမယ်

Energy အပြည့်နဲ့ Self Confidence ဖြစ်ချင်ရင် No Fap 90Days Challenge လုပ်သင့်တယ်။

၃။ ဂိမ်းစွဲလမ်းခြင်း
အခုခေတ် လူငယ်တွေမှာ Counter, Dota, COC, ML စတဲ့ မပြီးဆုံးနိုင်သော ဂိမ်းစွဲလမ်းခြင်းတွေမှာ ကြောင်စီစီတွေ ဖြစ်ကုန်တယ်

ပြင်ပ ဘ၀မှာ မအောင်မြင်ချက်တွေကို Virtual World ဖြစ်တဲ့ ဂိမ်းမှာ " ငါကွ " ဆိုပြီး something ဖြစ်ချင်တဲ့... စိတ်ကို ဆွပေးပြီး ..ဂိမ်းကုမ္ပဏီတွေက ဆွပေးတယ်

Counter, Dota, COC, ML မှာ စောက်ဆရာကြီးဖြစ်အောင်ခွေးလို နွားလို ဆော့ခဲ့တဲ့ ကောင်တွေ သွားမေးကြည့်...

မင်းတို့ အာ့ဂိမ်းတွေမှာ စောက်ဆရာကြီး ဖြစ်ခဲ့ပြီးနောက် ..မင်းတို့ ဘ၀မှာ ဘာတွေ များ ဖြစ်လာလဲလို့...

အားလုံး ပြန်ရခဲ့တာက ငါ့ ဘ၀ရဲ့ အဖိုးတန်အချိန်တွေ ပျောက်ဆုံးသွားပါလား ဆိုတဲ့ နောင်တပဲ ရမယ်

ဂိမ်းတွေဆော့ရင်း ...လူငယ်တွေ အချိန်တွေ ကုန်၊ စိတ်တွေ ပင်ပန်းမယ်
စိတ်ပိုင်းဆိုင်ရာတွေ ကြမ်းတမ်းလာတယ်

လက်တွေ့ဘ၀မှာ ဘာမှ ဖြစ်မလာတော့ဘူး 

စိတ်တွေ ကြမ်းတမ်းလာမယ် ရန်လိုလာမယ်...
စိတ်ကို relaxed မဖြစ်စေပဲ မကျေနပ်မှုတွေ ရန်လိုမှုတွေ သတ်ဖြတ်ချချင် စိတ်တွေဖြစ်လာစေတယ်

လူ့ဘ၀က အချိန်က နည်းနည်းလေး၊ ၅ နှစ်လောက် ဂိမ်းကို အာရုံစိုက်ကစားရင် အပြင်ဘ၀မှာ ၅ နှစ်လောက် နောက်ကျ စုတ်ပြတ်သွားမှာပဲ

ဂိမ်းစွဲလမ်းခြင်းကို ဖြတ်သင့်တယ်...

ကျန်တဲ့ မူးယစ်ဆေး အရက်ဆေးလိပ် ဆေးပြား စတာတွေကတော့ လူတိုင်းသိပြီးသားဆိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးပေါ့

ယနေ့ခေတ်မှာ လူငယ်တွေ အတွက်က ပျက်ဆီးဖို့ လမ်းကြောင်းမှားတွေ အများကြီး ချပေးထားတယ်
ကိုယ့်ဘာသာကြည့်ရှောင်မှရမယ်

ကျနော်တို့ အဖေအမေတွေခေတ်တုန်းက လူငယ်တွေ အားတဲ့အချိန် ခြင်းခတ် ဘောလုံးကန်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဂစ်တာတီး အိမ်ပြန်အိပ်... ပြောချင်တာက real life

အခုခေတ်က virtual gaming worlds တွေ လုပ်ထားပြီး ...လူငယ်တွေမှာ လူရယ်လို့ ဖြစ်လာကတည်းက....  facebook  Zuckerberg ရဲ့ ဦးဏှောက် မုဒိမ်းကျင့်ခံရတဲ့ pon လေးတွေ... အဖြစ် အသုံးချခံ ဘ၀ ဖြစ်လာတယ်။ 

facebook ကို ဘ၀ကြီးလိုမျိုး မိနစ်တိုင်း မျက်တောင်မခပ်ပဲ ထိုင်ကြည့်နေတဲ့ ပန်ဆယ်လိုတို့လို ဂေါက်သီးတွေ အများကြီး ၊  Brain Fried သွားပြီ။

လူငယ်တွေ ပျက်ဆီးဖို့ သိပ်များတယ်...