တစ်ချိန် မှာ ပြန်ကြည့်ချင်ကြည့်လို့ရအောင် အမှတ်တရခံစားချက် အမြင် မှတ်စုများကို ရေးသားထားခြင်းဖြစ်သည်။ ယခု blog လေး မှာ နောင် ၁၀ နှစ် နေ ပြန်ကြည့်လည်း ပို့စ်အားလုံး အရာမယွင်းကျန်ရှိတယ်။ facebook လို အချိန်မရွေး report ထု ဖျက်ချတာခံနိုင်တဲ့ အာဏာရှင်ခွေးမသား ဇာတ်ပျက်ဘာသာမဲ့ Zuckerberg ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ပဲ.... လွတ်လပ်မှုအပြည့်ရှိသော Google တွင် လွတ်လပ်စွာ ပျံသန်းခြင်း
Tuesday, July 18, 2017
Burmi Thinking Process
ဟိုနေ့က Taxi စီးတော့--
Taxi မောင်းတဲ့ ဦးလေးကြီးက ဘာပြောလဲဆိုတော့...
" ဖြိုးမင်းသိန်း ဟာ ရန်ကုန်မြို့ကြီးကို ပြုပြင်ပြောင်းလဲပစ်လိုက်တာ.ဟာ...
" နတ်သကြား တွေ ကောင်းကင်ပေါ်ကကျလာပြီး.. ပြောင်းလဲ ပစ်လိုက်သလိုပဲ " တဲ့ :D
ဖြိုးမင်းသိန်းက ဒေါ်စုနေရာကို ဆက်ခံမဲ့ အရည်အချင်းအင်မတန်တော်သူတဲ့လေ...
ကိုယ်တွေလည်း... " သြော်..အင်း အင်း " လို့ပဲ ပြောလိုက်တော့တယ် :D
ဒီလိုလူတွေ များနေလို့လည်း... မြန်မာနိုင်ငံဟုခေါ်ပါသည်။
.....
နောက် Taxi တစီးကျတော့...မောင်းတဲ့လူက ဘာပြောလဲဆိုတော့..
ဒေါ်စုက ဗိုလ်ချုပ်အောင်ဆန်းထက် အများကြီးပိုတော်တာတဲ့..
ဗိုလ်ချုပ်အောင်ဆန်းက Local ပဲရတဲ့သူတဲ့..
ဒေါ်စုကမှ ဗိုလ်ချုပ်အောင်ဆန်းထက် ဥာဏ်ကြီးပြီး..
အင်တာနေရှင်နယ်တဲ့ :D :D
အေး အေး လို့ ပြောလိုက်တယ် :D
---
နိုင်ငံတစ်နိုင်ငံ ရဲ့ အစိုးရ အရည်အချင်းကို -- ၂ချက်နဲ့ ပဲ တိုင်းမယ်
၁။ အထွေထွေကုန်ဈေးနှုန်းတွေကျဆင်းအောင်လုပ်နိုင်လား ( စားသောက်ကုန်ဈေးနှုန်း၊ ဒေါ်လာဈေး၊မြေဈေး၊ကားဈေး၊ရွှေဈေး )
၂။ အခြေခံလူတန်းစားပြည်သူတွေရဲ့ Status အခြေအနေ ( တနေ့ဘယ်လောက်ရ၊ မိသားစုလောက်ငလား၊ ဘတ်စ်ကားစီးရတာ၊ နေရထိုင်ရတာ ၊ လူတကိုယ်စာ၊ မိသားစုလေးတွေ ဘယ်လိုစား၊ ဘယ်လိုနေရလဲ၊ သက်သာ ချောင်ချိလာလား )
ဘယ်အစိုးရတက်တက်၊
ကွန်မြူနစ်အစိုးရပဲတက်တက်
ကိုယ်မြေကိုယ်အိုး အစိုးရပဲတက်တက်...
နိုင်ငံတစ်နိုင်ငံ ရဲ့ အစိုးရ အရည်အချင်းကို -- ၂ချက်နဲ့ ပဲ တိုင်းတာပါတယ်။
မြန်မာနိုင်ငံမှာ က ခက်နေတာက မဲပေးရင်-- ရွေးချယ်စရာက
သူခိုးအုပ်စု( အစိမ်း ) နဲ့ VS ကျပ်မပြည့် ဘ၀င်ရူးဂေါက်ကြောင်(အနီ) အုပ်စု ဆိုပြီး..
အစိမ်းသူခိုးနဲ့ အနီဂေါက်သီးတွေပဲ ရှိတော့ အင်မတန်ခက်တာပဲ
