တစ်ချိန် မှာ ပြန်ကြည့်ချင်ကြည့်လို့ရအောင် အမှတ်တရခံစားချက် အမြင် မှတ်စုများကို ရေးသားထားခြင်းဖြစ်သည်။ ယခု blog လေး မှာ နောင် ၁၀ နှစ် နေ ပြန်ကြည့်လည်း ပို့စ်အားလုံး အရာမယွင်းကျန်ရှိတယ်။ facebook လို အချိန်မရွေး report ထု ဖျက်ချတာခံနိုင်တဲ့ အာဏာရှင်ခွေးမသား ဇာတ်ပျက်ဘာသာမဲ့ Zuckerberg ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ပဲ.... လွတ်လပ်မှုအပြည့်ရှိသော Google တွင် လွတ်လပ်စွာ ပျံသန်းခြင်း
Monday, November 16, 2015
ဘ၀ဆိုတာ
ဘ၀ ဆိုတာ အရှုံး အနိုင် အတက် အကျ ဆုံးရှုံးမှု အောင်မြင်မှု တွေနဲ့ ထုဆစ်တည်ဆောက် ခြင်းလား ?
အားလုံးက ပြန်စဉ်းစားကြည့်လိုက်ရင် မနေ့က လို ပါပဲ
လူတွေ ငိုကြွေးခဲ့ကြတယ် ၊ လူတွေ ရဲရင့်ခဲ့ကြတယ်
လူတွေ မော်ကြွားခဲ့ကြတယ်၊ လူတွေ ခေါင်းငုံ့အံကြိတ် ငိုကြွေးခဲ့ကြတယ်
ဒါတွေ ဟာ ရှေးရှေး ခေတ်တွေတုန်းကလည်း မရေမတွက်နိုင်အောင် ဖြစ်ခဲ့ကြတယ်
အောင်မြင်မှု ကျရှုံးမှု၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ လူဆိုတာ မာနကို အံခဲလို့ အနိစ္စကို ကုတ်ကပ်ပြီး တွန်းကန်နေကြတာပါပဲ
ဆံဖြူ သွားကျိုးလို့ အိုမင်းမစွမ်းဖြစ်သွားတဲ့ အချိန်ကျရင် အရာ အားလုံးဟာ ခေါင်းထဲက မထင်မရှား memory လေးတွေ အဖြစ်သာ ကျန်ခဲ့မှာပါ။
ဒီလောကကြီးကနေ အပြီးတိုင် ထွက်ခွာရတော့မဲ့ အချိန်
လူတစ်ယောက် အသက် ထွက်ခါနီး နောက်ဆုံး မိနစ်ပိုင်းလေးမှာ
တစ်သက်လုံးကြိုးစားခဲ့ရတဲ့ ပညာတွေ ၊ ဥစ္စာတွေ ၊ ပိုင်ဆိုင်မှုတွေ ၊ အနိုင်ယူခဲ့ရတာတွေ၊ အရှုံးပေးခဲ့ရတာတွေ၊ ရန်ငြိုး အာဃာတတွေ၊ မာနတွေ ၊ မိသားစုတွေ၊ သားသမီးတွေ၊ အာဏာတွေ ၊ အကြောင်းကို တွေးနေအုန်းမှာလား ?
တကယ်တော့ လူ့ဘ၀ဆိုတာ သဲသောင်ပြင်ပေါ်က ခြေရာလေး တစ်ခု ပါပဲ.
