Friday, November 13, 2015

ဒီပို့စ်တင်လို့ facebook မှာ စောက်ဖောင်းဝိုင်းထုကြတယ်။





ခုချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အိုဘားမားလည်း ကြံ့ဖွံ့ဖက်က ၀င်ပြိုင်ရင် ရှုံးမှာပဲ
ဖာခေါင်းက nld ဖက်က အမတ်ဝင်ပြိုင်လည်း... ကြံ့ဖွံ့ဖက်က ဗိုလ်ချုပ်အောင်ဆန်းကို နိုင်မှာပဲ။ အာ့လိုဖြစ်နေတယ်။ :D

အမတ်လုပ်မဲ့သူ ရဲ့ ကိုယ်ပိုင် အရည်အချင်းဆိုတာ မလိုတော့ပဲ ....
ဒေါ်စု ရဲ့ အရှိန်အ၀ါ အောက်မှာ ၀င်ပြီးရပ်မိရင် အလိုလို နာမည်ကြီး လင်းထိန်သွားသလိုမျိုး..

လူတော်တာ၊ မတော်တာကို မကြည့်တော့ပဲ အမုန်းတရားတွေ နဲ့ အလံကိုပဲကြည့်ပြီး မဲပေးကြတာကိုး။
ဒေါသတွေကို မဲအဖြစ် ဖေါက်ခွဲကြတဲ့ ပွဲတော်ကြီးဖြစ်နေတယ်

မြန်မာပြည်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် ကိုယ်ပိုင်အရည်အချင်း မလို...
( အကပ် ပဲ လိုတယ် ) တံဆိပ်ပဲလိုတယ်

ကျွန်တော်ပြောချင်တာ သိလား မသိဘူး။
ဥပမာ---
ဒီဖက် က NLD အမတ် ၉၀ နိုင်မယ်။ ဟိုဖက်က ကြံ့ဖွတ် အမတ် ၉၀ က ရှုံးမယ်။
အိုကေနော်။

ဒါဆို လူချင်း face to face ပြန်ချိန်းပြီး ထပ်ပြိုင်ကြည့်
ဟိုဖက်က အရှုံးသမား ကြံ့ဖွတ် အမတ် ၉၀ကို NLD ဖက်ကို ပို့လိုက်။

ပြီးရင် ဒီဖက်က အနိုင်သမား ( အောင်ပွဲခံ ) NLD အမတ် ၉၀ ကို ကြံ့ဖွတ်ဖက်ကို ပို့လိုက်။

ပြီးရင် လူချိန်းပြီး ထပ်ပြိုင်ဗျာ။ ကဲ ... ဘယ်သူနိုင်မလဲ။ ????

NLD ဖက်က ၀င်ပြိုင်တဲ့ ကြံ့ဖွံ့လူ ၉၀ ပဲ အပြတ်အသတ် နိုင်ပြီး...
ကြံ့ဖွတ်ဖက်က ၀င်ပြိုင်တဲ့ ( အနိုင်သမားဆိုတဲ့ ) NLD လူတွေ ခွက်ခွက်လန်အောင် ရှုံးမှာပဲ။

ပေါက်လား။ အမတ်ရွေးချယ်တဲ့ ဒီဇိုင်းကြီးကို ပြောနေတာ။

အနိုင်ရ NLD လူ ၉၀ စလုံးက ကြံ့ဖွတ်ဖက် ရောက်သွားတာနဲ့ ချက်ချင်း ခွေးဖြစ်သွားမှာပဲ။

အဲ့တော့ မြန်မာပြည်က ရွေးကောက်ပွဲဆိုတာ အမတ်တွေကို မဲပေးတာ မဟုတ်ဘူးပေါ့ ?
တံဆိပ်ချင်း ဖိုက်ကြတဲ့ ပွဲဖြစ်နေတယ်။

လူပါစရာတောင် မလိုတော့ဘူး။ လူနေရာတွေ blank ထားတောင်ရတယ်။
ရင်ထိုးတွေ ကို အခု ၁၀၀ လောက် ဟိုဖက်ခြင်း၊ ဒီဖက်ခြင်းခွဲထည့်ထားပြီး ...
အဲ့ရင်ထိုးတွေကို ပဲ ပြိုင်ခိုင်းလိုက်ပြီး မဲပေးလိုက်တော့။

မဲပေးတဲ့သူတွေက အဲ့ ရင်ထိုးအောက်က လူတွေ ဘယ်သူဆိုတာမှန်းတောင် မသိကြဘူး

ကိုယ်စားလှယ်လောင်း အရည်အချင်းဘယ်လောက်ရှိလဲဆိုတာ မပြောနဲ့ ... ကိုယ်စားလှယ်လောင်း နာမည်တောင် မသိပဲ အလံကို ကြည့်ပြီး မဲပေးကြတာကိုး
တဖက်စောင်းနင်းကြီးဖြစ်နေတော့တာပေါ့။

အမှန်က ပါတီတိုင်းက လူတော်တွေ ကိုယ်စီတက်လှမ်းလာပြီး တိုင်းပြည်အတွက် စုစည်းကြရမှာ
ဒါပေမယ့်ခုတော့

အခုတော့ ဘယ်လောက်တော်တဲ့ လူတော် ဖြစ်စေ၊ nld ဖက် က မပြိုင်ရင် ခွေးပဲ။

nld ဖက်က မပြိုင်မိတာနဲ့ ဘယ်လောက်တော်တဲ့ သူဖြစ်ပါစေ။ ခွေးဖြစ်သွားရော။

ဖာခေါင်းဖြစ်နေပါစေ။ nld ဖက်က ၀င်ပြိုင်လိုက်ရင် ။ အော်တို နတ်သား ဖြစ်သွားရော။

ပေါက်လား logo တံဆိပ်ပဲလိုတယ်။

ဘယ်လောက်တော်တဲ့ သူဖြစ်ဖြစ် " ငါတို့ အောက်က ၀င်တာ မဟုတ်ရင် တက်မလာနဲ့ - ရိုက်ချခံရမယ် " ဆို တဲ့ အဓိပ္ပါယ် က အရင် စစ်အာဏာရှင်နဲ့ ဘာထူးလဲ
အရင်တုန်းက ဌာနဆိုင်ရာတွေ မှာ စစ်တပ်က မိုးကျရွှေကိုယ်တွေ က ကိုယ့်အထက် ကရောက်လာရင် ဘယ်သူမှမကြိုက်ကြဘူး

အခုလည်း ဘယ်ကမှန်းမသိတဲ့ ( logo အကပ် ကောင်းတဲ့ ) ဘာမှန်း မသိတဲ့ မိုးကျရွှေကိုယ်အမတ်တွေပဲပေါ့။
ဘာထူးလဲ။

ယူနီဖောင်း အစိမ်းကနေ အနီအရောင်တွေ သာ ကွဲသွားတယ်။

လုပ်ပုံလုပ်နည်းတွေက တစ်ပုံစံတည်းရယ်။

ချိန်ခွင် တဖက် စွန်း က နေ - ချိန်ခွင် နောက်တစ်ဖက် စွန်းကို ထပ်ရောက်သွားတာပါပဲ။

အစွန်းတဖက်ကနေ - နောက်အစွန်းတဖက်ကို ထပ်ရောက်သွားတာပေါ့။

check and balance မရှိတော့ဘူး။

ဘယ်လောက်တော်တဲ့ လူတော် ဖြစ်စေ၊ ကြံ့ဖွတ်ဖက်က ၀င်ပြိုင်မိရင် သေပြီပဲ။

အခုချိန် ဦးသန့်မြေး ကြံ့ဖွံ့ ဖက် က ၀င်ပြိုင်အုန်းမလား ။ လာထား
ပူတင် ကြံ့ဖွံ့ ဖက် ၀င်ပြိုင်အုန်းမလား။ လာထား။

ကြံ့ဖွံ့ အလံအောက်မှာဆိုရင် ၀င်ပြိုင်သူ အားလုံးစုတ်ပြတ်ထွက်သွားမယ်

ခွေးကို အမြီးဖြတ်ပြီး ဖင်မှာ nld တံဆိပ် ကပ်ပေးပြီး အမတ်အဖြစ်နဲ့ ၀င်ပြိုင်လည်း ခွေးပဲနိုင်မှာပဲ။ အဲ့လိုဖြစ်နေတယ်။

အခုဟာက လူတော်တာ၊ အရည်အချင်းကို မရွေးတော့ပဲ ပါတီ အလံကိုကြည့်ပြီး မဲပေးကြတာဆိုတော့

တစ်သီးပုဂ္ဂလလေးတွေ လည်း တက်မလာနိုင်တော့ဘူး

ကိုယ်ပိုင်အရည်အချင်းရှိပြီး အပင်ပန်းခံ ကြိုးစားခဲ့ကြတဲ့ သူတွေလည်း အားလုံး စမုံတုံး

ဒေါက်တာအေးမောင် ၊ ဘူးလက်လှဆွေ ၊ ဦးသိန်းညွန့် နဲ့ ဒေါက်တာညိုညိုသင်း တို့အတွက်တော့ စိတ်မကောင်းပါဘူး

အစွန်းတဖက်ကနေ - နောက်အစွန်းတဖက်ကို ထပ်ရောက်သွားတာမျိုးပေါ့။

အရင် စစ်အာဏာရှင်ကနေ အခု က တစ်ပါတီတည်းကြီးစိုးတဲ့ လက်ညိုးထောင် ခေါင်းငြိမ့် ဟာမျိုးဖြစ်မသွားပါစေနဲ့ပဲ မျှော်လင့်ရမှာပဲ။

အခုတောင် nld နိုင်မယ်ဆိုကာ ရှိသေး။
ဘာမဆိုင် ညာမဆိုင်..
ဟိုကောင် ထွန်းခင်တို့ က နိုင်ငံတကာ တီဗွီသတင်း channel တွေ မှာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ပဲ ရိုဟင်ဂျာ ကိစ္စကို တက်ဖြဲနေပြီ။

အမေရိကန်ကလည်း အရှေ့အလယ်ပိုင်းမှာ ရေနံရဖို့ အတွက် မူဆလင်တွေကို ပိုးစိုးပက်စက်သတ်နေတာကို ဖုံးကွယ်ပြီး သူတို့ image ကောင်းအောင်လုပ်တဲ့ အနေနဲ့
အမေရိကန် က မူဆလင်တွေ ဖက်က ရပ်တည်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မြန်မာကိုထိုးကျွေးဖို့ လုပ်နေတာ အားလုံးလည်းအသိ။

အမေရိကန်က ရိုဟင်ဂျာကိစ္စကို pressure ပေးလာရင် nld လို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ ပါတီမျိုးအနေနဲ့ အင်မတန်ငြင်းရခက်မှာပဲ။
Human Rights အမြင် တစ်ခုတည်းနဲ့လျှောက်လုပ်လိုက်ရင် National Security ပိုင်းမှာ ရှော့်ခ်တွေ အများကြီးရှိတယ်။

ဘာလို့လဲဆိုတော့ nld မှာ ဟိုးအရင် ကတည်းက ဒေါ်စု မှားနေရင် ထောက်ပြပြောဆိုရဲတဲ့သူ ၁ ယောက်မှ မရှိလို့ပဲ။
ဒေါ်စုကို ဘေးက ဆေးထိုးပေးနေတဲ့ ကောင်တွေကလည်း သိတဲ့ အတိုင်းပဲ
မန်မာ့နိုင်ငံရေးမှာ ဘောမနဲ့ ထမိန်ခြုံ ၂ မျိုးပဲ ရှိသင့်တာ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။

Alexander Neo