တစ်ချို့ က ပြောကြတယ်ပေါ့နော်။
မြန်မာ ပြည်မှာ လူတွေ ကို ဘာညာ ကွိကွတွေ စိတ်မ၀င်စားအောင်၊
စိတ်မ၀င်စားပဲ ဘောပွဲ၊ ဘီယာသောက်၊ ဆေးချ၊ sex ၊ ကေတီဗွီ၊ မာဆတ်၊
မိန်းကလေးတွေဆိုလည်း ကိုရီးယားကား၊ ဖက်ရှင်ဒီဇိုင်း အလှကုန်ပစ္စည်း၊ စသည်ဖြင့် လူတွေရဲ့ စိတ်အာရုံကို မြောနေပြီး ဘာညာကွိကွ တွေ မလုပ်နိုင်အောင် တမင်လုပ်ထားကြတယ်ပေါ့။
ကမ္ဘာမှာလည်း ၁% သော သူတွေက ၉၉% သော လူများစုကို နေ့စဉ်၊ ဘောလုံးပွဲတွေ သီချင်းအမ်တီဗွီတွေ၊ ဆေးခြောက်တွေ၊ ဖေ့ဘုတ်တွေ ၊ ဖင်ရှင်ဒီဇိုင်းသစ်၊ shopping ထွက်ခြင်း၊
လိင်တူ လက်ထပ်ရေးကိစ္စ၊ အသားအရောင်မခွဲခြားရေး၊ ဆေးခြောက်တရားဝင်သုံးရေး၊
စတဲ့ ဟာတွေမှာ မြောနေပြီး ဘာညာကွိကွတွေ မလုပ်လာနိုင်အောင် စည်းဝါးကိုက်ပြီး မြောနေအောင် လုပ်ထားကြတယ်လို့ ဆိုကြတယ်။
လူအများစုကြီးသည် ယုံလွယ်တယ်။ အယုံသွင်းရတာ အရမ်းလွယ်တယ်
ဖေ့ဘုတ်မှာ သတင်း ၁ ခု တက်ကြည့် လူအများစုက ယုံကြတာပဲ
massive media propaganda နဲ့ မှိုင်းတိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုး ခုခေတ်မှာ မွေးလာလည်း အီမိုကေလုပ်ပြီး Dota-2 ဆော့တာ ကို ဘ၀ကြီးလို့ ထင်နေမှာပဲ
ကမ္ဘာကြီး ဟာ တစ်စုံတစ်ခုသော flow မှာ စီးဆင်းနေကြတယ်။
အဲ့ flow ကို ဒီဇိုင်းဆွဲထားတဲ့ လူတစ်စု က ဖြစ်စေချင်သလို လူများစုကြီးက အီလည်လည်ကြီးနဲ့ မြောနေကြတယ်။
လူတစ်စု ကဇိုင်းဆွဲထားတဲ့ flow မှာ မြောနေကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းပေါ့။
အမှန်တော့ လူတွေအားလုံးကို ဒီဇိုင်းဆွဲထားတဲ့ flow အတိုင်း လိုက်မြောခိုင်းနေတာပဲ
မိမိတို့ရဲ့ရိုးရာဓလေ့တွေကို ဖျက်ဆီးခိုင်းပြီး သူတို့ ပုံဖေါ်တဲ့ အတိုင်းလုပ်ခိုင်းတာပေါ့။
လာအိုအစ၊ အာဖရိက အဆုံး ဂျင်းဘောင်းဘီဝတ်၊ အိုင်ပေါ့နားထောင်ပြီး အင်တာနက်မှာမြော၊
ဖေ့ဘုတ်မှာ မြော၊ Dota-2, COC , etc ဂိမ်းတွေ မှာ မြော၊
TV ဖွင့်ကြည့် စိတ်ကူးယဉ် ဇာတ်ကောင်တွေ ၊ Avator, Iron Man, Avenger, Animation တွေမှာ မြော၊
ကလေးတွေစိတ်ထဲမှာ စူပါဟီးရိုးတွေ ၀င်
သုဝဏသာမတို့ ၊ ကွန်ဖြူးရှပ်တို့ ဂန္ဒီတို့ အားလုံးမေ့
ဘာညာ ကွိကွတွေ မစဉ်းစားမိအောင်ပေါ့
ပိုက်ဆံလေးရအောင် သိမ်းကျုံးလုပ်၊ ရတဲ့ ပိုက်ဆံလေးကို မီဒီယာမှိုင်းမှာ မှိုင်းတွေရှူ
ဘာညာ ကွိကွတွေ မစဉ်းစားမိအောင်ပေါ့
အလုပ်လုပ် ပိုက်ဆံလေးရှာ၊ ဘောပွဲလေးကြည့် ၊ ဘီယာလေးသောက်၊ ပြီးသေ
ဒီကြားထဲမှာ ၁ ရာခိုင်နှုန်းသော သူတွေက အမြတ်အစွန်းကြီးစွာ ၊ ကြီးစွာ ရနေကြတယ်
၉၉% သော လူအများစုကြီးက ဘာမှ ဆန်းစစ်ဝေဖန်ဖို့ မတတ်နိုင်ပဲ လူတစ်စု က ဖြစ်စေချင်သလိုဒီဇိုင်းဆွဲထားတဲ့ flow ကြီးထဲမှာ မြောနေကြတယ်။
အမှန်တော့ ဒီမိုကရေစီ၊ တန်းတူညီမျှ၊ ဘာညာ လျှောက်ပြောနေကြတာ။
သူတို့ အလိုကြ ပုံဖေါ်သွားတာပဲ
အာဏာရှင် နိုင်ငံချင်းတူရင်တောင် သူတို့ အကျိုးစီးပွားအတွက် ၀င်ချင်တဲ့ နိုင်ငံကို ချက်ချင်း စစ်တပ်ပို့ပြီး ဗျင်းတယ်။
ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး ဆို သူတို့ ချက်ချင်းသတ်ပစ်ခိုင်းတယ်
အာဏာရှင် နိုင်ငံချင်းတူရင်တောင် အဲ့ဒီအာဏာရှင်ကို တမင်သက်သက်မွေးထားတာမျိုးလည်းရှိတာပဲ။
တစ်ချို့ က ဖေါက်ထွက်ဖို့ ကြိုးစားပေမဲ့ ၁% ရဲ့ ဓနအင်အား၊ မီဒီယာ အင်အား၊ ဘက်ဂရောင်းက တောင့်လွန်းတော့ တော်ရုံတန်ရုံ ခေါင်းဆောင်မျိုးဆို ၀ိသွားတာပဲ။
ယနေ့ လူငယ်ထုကြီး တစ်ရပ်လုံးကို အီမို၊ ဖက်ရှင်ဒီဇိုင်းတွေ၊ ဂိမ်းတွေ ၊ ဖေ့ဘုတ်စ်၊ ဘောလုံးပွဲကြီးတွေ၊ sex တွေကို တရားလွန် လွတ်လပ်ခွင့်ပေး၊ မူးယစ်ဆေးဝါး၊ ဘီယာ၊ ဆေးခြောက်၊ စတဲ့ ဟာတွေမှာ ရုန်းမထွက်နိုင်အောင်၊ မြောနေအောင် လုပ်ထားကြတာ မျက်မြင်ပဲ။
၉၉% သော လူအများစုကြီးက ဘာမှ ဆန်းစစ်ဝေဖန်ဖို့ မတတ်နိုင်ပဲ လူတစ်စု က ဖြစ်စေချင်သလိုဒီဇိုင်းဆွဲထားတဲ့ flow ကြီးထဲမှာ မြောနေကြတယ်
