Tuesday, July 18, 2017

မြန်မာပြည်တွင် စီးပွားရှာရာဝယ်...

မြန်မာပြည်တွင် စီးပွားရှာရာဝယ်...

အထူးကု ဆရာဝန် တယောက်ကို အထူးကုဆေးခန်းမှာ သွားပြရင် ...လူနာ စမ်းသပ်ခ သီးသန့်ပဲ.... ၁သောင်း ၎
ထောင်လောက် ကျသည်။

ဥပမာ-- ဆေးရုံပိုင်ရှင်က တ၀က် ၇ထောင်၊ ဆရာဝန်က တ၀က် ၇ ထောင်ပေါ့...

လူနာ တယောက်ကို ၇ ထောင် -
၁၀ယောက်ဆိုရင် ၇ သောင်း-
အနည်းဆုံး အယောက် ၅၀ လောက်ရှိတယ်... ၅× ၇ = ၃ သိန်းခွဲ ( ဒါ ၁ရက်စာ ၀င်ငွေ)
၁၀ရက်ဆို ၃၅ သိန်း
ရက် ၃၀ ၁ လဆိုရင်- သိန်း ၁၀၀ ၀န်းကျရင် ရကြမယ်...
ဒါ အထူးကုဆရာဝန်တယောက်ရဲ့ ယနေ့ခေတ် ၀င်ငွေ... တလကို သိန်း ၁၀၀ ၀န်းကျင်

ပိုကြမ်းတာက အထူးကုဆေးရုံ ပိုင်ရှင်ပေါ့..

ဒီကောင်က အထူးကု ဆရာဝန်တွေ အကုန်လုံးကို ခိုင်းစားထားပြီး...မင်းတို့ တ၀က်...ငါတ၀က်ဆိုပြီး ယူတော့

... အထူးကုဆရာဝန်တွေက များစွာ ဆိုတော့...ဆေးရုံ ပိုင်ရှင် က သိန်းထောင်ချီ ၀င်ပေါ့..

ဆရာဝန်ဖြစ်စရာ မလိုဘူး...ပညာတတ်စရာ မလိုဘူး...

ငွေကြေးအရင်းအနှီးထုတ်ပြီး...ဆရာဝန်တွေကို ခေါ်ပြီး ခိုင်းစား ထားရုံပဲ...

ဒါ အထူးကုဆရာဝန်တယောက်ရဲ့ ယနေ့ခေတ် ၀င်ငွေ...

.....................

ယနေ့ခေတ် အစိုးနဲ့ ပေါင်းပြီး ဓာတ်ဆီဆိုင်တွေ မှိုလိုပေါက်နေတာ...

ဓာတ်ဆီထည့်တဲ့ ကားမှန်သမျှ ဒီကောင်တွေကို လုပ်ကျွေးနေသလိုပဲ...

ပျမ်းမျှ ရေနံတစည် ကို ဒေါ်လာ ၅၀ ၀န်းကျင်ရှိတယ်...ဒေါ်လာဈေး ၁၃၆၀ နဲ့ မြှောက် ..
ကျပ်ငွေ ၆ သောင်း ၈ ထောင်ရှိတယ်...

အဲ့တစည်ကို လီတာ ၁၅၀ ၀န်းကျင် လောက်ရတယ်...
ဆိုင်မှာ ရောင်းရင် ငွေ ၁သောင်းဖိုးဆိုရင် ၁၅ လီတာ လောက်ရတယ်...
ဆယ်ခါ ထည့်ရောင်းလို့ရတယ်... ၁ သိန်းပေါ့....
အရင်းက ၇ သောင်း ၀န်းကျင်ပေါ့...

ဒီတော့ ၇ သောင်းရင်းရင် ၃ သောင်းမြတ်တယ်...
 ၁ သိန်းဖိုးရောင်းတိုင်း အမြတ်က ၃ သောင်းဝန်းကျင်ရှိတယ်..
၁၀သိန်း ဖိုးရောင်းတိုင်း ၃ သိန်း မြတ်တယ်
သိန်း ၁ထောင်ဖိုးရောင်းရရင် အမြတ်က သိန်း ၃၀၀ ၀န်းကျင်ကျန်တယ်..

အဲ့တော့ ပိုင်ရာ ဆိုင်ရာတွေနဲ့ ပေါင်းရိုက်ပြီး ဓာတ်ဆီဆိုင်တွေ ပိုးစိုးပက်စက် မြတ်ကြတာပေါ့..

......................

နောက်တခုက ပွဲစားပေါ့...ပါးစပ်ရင်းပြီး အသေဗျင်းတဲ့ လူတန်းစား...

မြေကွက် ရောင်းထွက်ရင် ၂% ၊ အိမ်ဌားရင် ၁ လစာ....ဆိုတဲ့ ဘယ်ဥပဒေမှာ မှ ပြဌာန်းမထားတဲ့ နားလည်မှုကြီးနဲ့ ခေါင်းပုံဖြတ်နေတဲ့ လူစား...

သိန်း ၁ သောင်းတန် မြေကွက် ရောင်းထွက်ရင် နေရင်းထိုင်ရင်း သိန်း ၂ ရာ ပွဲခပေးရမယ်ဆိုတဲ့...
(နိုင်ငံတော်က လုံးဝ ပြဌာန်းမထားတဲ့ ဥပဒေ) နဲ့ လုပ်စားနေတဲ့ အကျိုးဆောင်တွေ..
သိန်း ၂၀၀ အသားချည်းပဲ ကစ်တာပေါ့...လေရင်းပြီး...

ပွဲစားဆိုတဲ့ လူတန်းစားလည်း ချစ်တီးတွေလိုပဲ..မြန်မာပြည်မှ မရှိသင့်တော့တဲ့ အမြတ်ကြီးစားလူတန်းစားပဲ...

သူတို့ ပွဲစားအချင်းချင်းလည်း လူသတ်တော့မလို မန်ဖီကြတာ လန့်ဖို့ကောင်းတယ်... ပရမ်းပတာတွေ

..............

နောက်တော့ ကိုယ်ပိုင်စီးပွားရေးပေါ့...

လူစည်ကားတဲ့ နေရာ စမ်းချောင်းလိုနေရာမျိုးက ရောင်းကောင်းတဲ့ ၀က်သားတုတ်ထိုးဆိုင်တွေဆို တလကို
အမြတ် ၁၅ သိန်းလောက်ရှိမယ်...ပိုချင်လည်းပိုမယ်...

ရောင်းကောင်းတဲ့ ကွမ်းယာဆိုင် တွေက လတိုင်း ၁၀ သိန်းကျော်လောက်မြတ်မယ်...

တက်စီ ကိုယ်ပိုင်ဆိုရင်...တလကို ၆ သိန်း ၇ သိန်းလောက် ၀င်နိုင်တယ်...

အသုပ်ဆိုင် ဘာညာတွေတောင် မနည်းဘူးရကြတယ်...

ပြောချင်တာက.... အသုပ်ရောင်းရမယ် ပြောတာ မဟုတ်ဘူး...

မြန်မာပြည်မှ အချိန်တွေ ကုန် ငွေတွေကုန်၊ ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် သင်...

ဘွဲ့ရ ကုမ္ပဏီမှာ ၀င်လုပ် ၂ သိန်း ၀န်းကျင်လေးတွေ ဘာမှ ဖြစ်မလာဘူး...

နိုင်ငံခြားမှာ အလုပ်လုပ်ရင်တော့...

ကိုရီးယား ၊ ဂျပန်မှာ ဆို တလကို သိန်း ၂၀ ၀န်းကျင်လောက် ၀င်နိုင်တယ်..
သြစီ မှာ ဆရာဝန်လုပ် တလကို သိန်း ၁၅၀ လောက်ရတယ်...

ကနေဒါလိုနိုင်ငံမှာ သူနာပြုလုပ်ရင်လည်း တလကို သိန်း ၁၀၀ လောက်ဝင်တယ်..

သင်္ဘောသားတွေက တော့ လိုင်းကောင်းကောင်းမှာ ကပ္ပတိန်ဖြစ်အောင် ကြိုးစားနိုင်ရင် တလကို သိန်း ၁၀၀
ဝန်းကျင် ရကြတယ်...

ဒေတာတွေက အတိအကျ မဟုတ်ပါ...
ခန့်မှန်းတွေ ပါ...

သို့သော်...မြန်မာပြည်မှာ ရိုးသားကြိုးစားပြီး...ဘွဲ့လေး ၁လုံးရအောင် လုပ်... အချိန်တန် ကုမ္ပဏီမှာ ၀င်လုပ်၊ တလ ၂ သိန်း ၃ သိန်းနဲ့ လူမွေးလူရောင် မပြောင်ဘူးဆိုတာပါ...

ဒါကို နားလည်တဲ့ လူငယ်အများစုကလည်း တတ်နိုင်သမျှ နိုင်ငံခြား မှာ သွားပညာသင်...
အလုပ်လုပ်ကြတာပါပဲ..

မြန်မာပြည်မှာ က စားဖားကြီးတွေ ၊ ခရိုနီကြီးတွေက လက်ဝါးကြီး အုပ်ထားပြီး...ကျန်ပြည်သူတွေက ခြင်းထဲကကြက်တွေ လို ဘာမှ လုပ်လို့မရ၊

 ကြီးပွားဖို့ လမ်းက အကုန်လုံးလက်ဝါးကြီး မိုနိုပိုလီ စီးပွားရေးလုပ်ပြီး...

လူငယ်တွေမှာ လမ်းပျောက်၊ ဖွန်ကြောင်ဆေးချ ဘ၀တွေ ပျက်နေကြတာပါပဲ။။။။

ဖြစ်နိုင်ရင်တော့..သေးသေးလေးပဲဖြစ်ဖြစ် ကိုယ်ပိုင်စီးပွာံးရေး လုပ်တာဟာ..၀န်ထမ်းလုပ်တာထက် အခွင့်အလမ်းပိုသာပါတယ်...