Tuesday, July 18, 2017

Obesity


https://www.youtube.com/watch?v=jPa1XkiKXcI

https://www.youtube.com/watch?v=jPa1XkiKXcI

အ၀လွန်တာဟာ ရောဂါဖြစ်သွားပါပြီ

တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကပ်ရောဂါ ပုံစံမျိုး ဖြစ်နေကြတာပါ...

ဘယ်လို ဖိုက်မလဲ...နောက်ခံ အကြောင်းတရားတွေကတော့ အခုထက်ထိ ပညာရှင်များ ဆွေးနွေး အဖြေရှာဆဲဖြစ်ပါတယ်...

အ၀လွန်တဲ့ အခါ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်၊ အသည်းအဆီဖုံး၊ ကျောက်ကပ်ရောဂါ စသည်ဖြင့် ဖြစ်လာပါတော့တယ်....

ဒါကြောင့် BMI normal range အတွင်းပြန်ချနိုင်ရင် ရောဂါတ၀က်လောက်ကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်...

အ၀လွန်တာဟာ ကိုယ့် ကို ကိုယ် ယုံကြည်မှု အင်မတန်ကျဆင်းစေပါတယ်...

တချို့လူတွေက အရမ်းစားပေမယ့် မ၀ဘူးဆိုတာ % ရာခိုင်နှုန်း အနည်းငယ်သာ ရှိပါတယ်..

လူများစုကြီးက မ၀ ဘူးဆိုတာ...သူများထက် လည်လို့ အစားကို ထိန်းစားလို့ပါ...

အ၀ လွန်သူတွေ ဟာ စိတ်ညစ်လို့၊ စိတ်ဖိစီးမှုများလို့ စားကြတာများပါတယ်။။

စိတ်ညစ်ရင် ပိန်တယ်ဆိုတာ လုံးဝမှားယွင်းပါတယ်..

စိတ်ညစ်ရင် အဆမတန် ၀ လာတတ်ပါတယ်...

ဝတဲ့သူတွေဟာ သူများတွေ လောက် မလည်ပတ်ကြပါဘူး..

ရိုးအပြီး အူတူတူလေးတွေ ဖြစ်ကြပါတယ်..

ဒါကြောင့် လည်ပတ်တဲ့သူတွေ ဟာ အစာကို လိမ်မာပါးနပ်စွာရှောင်စားသွားချိန်မှာ...

အ၀ လွန်သူတွေဟာ မိမိကိုယ်ကို မငဲ့ညှာ မစာနာပဲ စားကြတာဖြစ်ပါတယ်...

ဥပမာ- နာမည်ကြီး ၀တ်မှုန်ရွှေရည်တို့ ဟာ အော်တိုပိန်နေတာ မဟုတ်ပါဘူး

အင်မတန် အစားရှောင်၊ gym တွေ ကစားပြီး ထိန်းထားတာပါ..

သူတို့ကို ဒံပေါက် ၁ ပွဲလောက် နေ့တိုင်း ၃ ရက်လောက် ကျွေးမယ်ဆိုပြီး သွားစားခိုင်းကြည့်..

သေနတ်နဲ့ ချိန်စားခိုင်းတောင်...အသေခံသွားမှာ..မစားပါဘူး :D

why ? သူတို့က လူလည်တွေ မို့လို့ပါ :D

တချို့လူရှေ့မှာ ပိန်နေလို့ ၀ချင်လိုက်တာ blah blah ပြောတဲ့ သူတွေ တွေ့ဖူးပါတယ်..

မင်း ၀ ချင်ရင် စားပါလားလို့ ဒန်ပေါက်ကျွေးကြည့်တယ်...
အဆီများလို့ မစားဘူးးတဲ့ :D ... လူလည်တွေပါ