တစ်ချိန် မှာ ပြန်ကြည့်ချင်ကြည့်လို့ရအောင် အမှတ်တရခံစားချက် အမြင် မှတ်စုများကို ရေးသားထားခြင်းဖြစ်သည်။ ယခု blog လေး မှာ နောင် ၁၀ နှစ် နေ ပြန်ကြည့်လည်း ပို့စ်အားလုံး အရာမယွင်းကျန်ရှိတယ်။ facebook လို အချိန်မရွေး report ထု ဖျက်ချတာခံနိုင်တဲ့ အာဏာရှင်ခွေးမသား ဇာတ်ပျက်ဘာသာမဲ့ Zuckerberg ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ပဲ.... လွတ်လပ်မှုအပြည့်ရှိသော Google တွင် လွတ်လပ်စွာ ပျံသန်းခြင်း
Tuesday, July 18, 2017
ပြည်သူ့နီတိ
ဟာသပဲ။ ပြည်သူ့နီတိကို နေ့တိုင်း သတင်းစာထဲ ထည့်ရင်တောင် ဘယ်သူမှာ ဂရုမစိုက်တော့ဘူးး။
မြန်မာပြည်ဟာ လျှင်သူစား သားရဲ တိရိစ္ဆာန်တွေကို ဦးသူက ဆော် တဲ့ နိုင်ငံလို ဖြစ်နေတာကြာပြီ။
မြန်မာပြည်မိုက်ရိုင်းလာတာ--- ရှေ့ကလူ တွေက ရှေ့ဆောင်လမ်းပြ လုပ်ပြခဲ့လို့ပဲ
သူခိုးက ထောင်ထဲမရောက်ပဲ တိုက်ကြီးတွေနဲ့ ကောင်းစားသောအခါ
ရိုးသားသူက သတင်းစာရောင်းပြီး ဆင်းဆင်းရဲရဲသေသွားသောအခါ...
ပိုက်ဆံရှိတဲ့ ဘဲကြီးတွေကို စပွန်ဆာဖမ်းတဲ့ ဆော်တွေက မိတ်ကပ်ဖုန်းအကောင်းစားနဲ့ ကားစီးရသောအခါ
ရိုးရိုးသားသား အချစ်ကို ကိုးကွယ်တဲ့ ကောင်မလေးတွေက ဘတ်စ်ကားတိုးစီးပြီး ချစ်သူနဲ့ ဟန်းဖုန်းအစုတ်ကိုင်ရသောအခါ...
မိုက်မိုက်ရိုင်းရိုင်း လုပ်ပြတဲ့ သူတွေကို -- လူအများက ကြောက်လန့်အရိုအသေပေးပြီး
ယဉ်ကျေးစိတ်ထားကောင်းသောသူကို -- ဒီကောင်က ချနင်းလို့ ဖြစ်ပါတယ်လို့ ပတ်ဝန်းကျင်က ကြည့်ကြသောအခါ...
ဒုစရိုက်လုပ်တဲ့ ကောင်းတွေက ချမ်းသာပြီး
အဝေးသင်ဘွဲ့လေးနဲ့ ရိုးရိုးသားသား ၀န်ထမ်းတွေက တလကို ၂ သိန်းလောက်နဲ့ မသေရုံတမယ် ဘတ်စ်ကား တိုးခွေ့နေရသောအခါ
အာဏာပါဝါ နည်းနည်းလေးရှိတဲ့ သူတွေက ရှိတဲ့ အလျှောက် တရားဥပဒေကို ယီးဖြဲပြ..
လောင်းကစား ဒိုင်ကြီးတွေ တရုတ်တန်းက ဘောစိတွေကို အာဏာပိုင်တွေက သွားလေးဖြဲပြပြီး....
၂ လုံးထီ ၃ထောင်ဖိုးထိုးတဲ့ ဒေါ်ဘုမ တို့ကို ထောင်ထဲ ပို့သောအခါ...
ဘိန်းတွေကို တန်နဲ့ချီထုတ်နေတဲ့ ဘိန်းရာဇာကြီးတွေက မာစီတီးကားကြီးတွေစီးပြီး အစိုးရအာဏာပိုင်တွေနဲ့ ပေါင်းပြီး မြေကွက်ကြီးတွေကို ရှော့ပင်းမောကြီးတွေ ဆောက်ပြီး လုပ်ငန်းကြီးများပိုင်ရှင် ဂုဏ်သရေရှိ လူကြီးလူကောင်းများအဖြစ် မြင်တွေ့ရချိန်
စိတ်ကြွဆေး ၁၀ပြားလောက် သုံးမိတဲ့ ချာတိတ်ကို ထောင်ထဲမှာ ၈ နှစ်လောက် ထည့်ထားချိန်...
ငွေရှိရင် အရာရာဖြစ်တဲ့ဆိုတဲ့ တရားမျှတမှုဆိုတာ ဂျိုနဲ့လားလို့ မေးရမဲ့ မြန်မာပြည် တိရိစ္ဆာန်တောနက်ကြီးထဲမှာ
ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာမသင်ရပဲ အမှိုက်ကောက်ရတဲ့လူငယ်တွေ
သူများ လက်ဖက်ရည်ဆိုင်မှာ အရိုက်နှက်ခံကြီးပြင်းလာရတဲ့လူငယ်တွေ
မိသားစု အရက်သမား အဖေ လက်အောက်မှာ ရိုက်နှက်ခံကြီးပြင်းလာရတဲ့ လူငယ်တွေ မိုက်ရိုင်းကြမ်းတမ်းလာကြတာ မဆန်းပါဘူး
