Tuesday, July 18, 2017

ဗားမိနိုင်ငံရဲ့ အထက်တန်းစား Intl Schools များနဲ့ အောက်တန်းစား အဖြူအစိမ်းဝတ်ပညာရေး



နိမ့်ကျတာမှ ကုန်းကောက်စရာကို မရှိတာ။

မြန်မာပြည်မှာ ပညာရေး စနစ် ၂မျိုးရှိတယ်။

အဖြူအစိမ်းဝတ် ဆင်းရဲသား ပညာရေးနဲ့ International Schools ဆိုပြီး မြန်မာပြည်မှာ ပညာရေး စနစ် ၂မျိုးရှိတယ်။

အစိုးရရဲ့ အဖြူအစိမ်းဝတ် ဆင်းရဲသားပညာရေးကတော့ သူငယ်တန်းကနေ တက္ကသလိုလ်ဝင်တန်းအထိ အင်္ဂလိပ်စာကို ၁၁ နှစ်သင်လာတယ်...
တက္ကသိုလ်ဝင်တန်းအောင် ကလေးတွေ အင်္ဂလိပ်စကားပြောကြည့်....ကကျိုးကကြောင်...

ဘာသာစကားရပ်တခု Language တခုကို ၁၁ နှစ်သင်ကြားလာပြီးမှ မတတ်ရင် ဒီပညာရေး ဘာသောက်သုံးကျတော့မလဲ...

.တတ်နိုင်တဲ့ အကောင်ကြီးကြီးတွေနဲ့ စီးပွားရေးသမားတွေရဲ့ သားသမီးတွေက ..International Schools တွေမှာ ၁နှစ်ကို သိန်း ရာချီပေးထားကြတယ်..။

ဒီတော့ ဥာဏ်ရည်ချင်းပြိုင်၊ ကြိုးစားအားထုတ်မှုခြင်းပြိုင်တာ မဟုတ်တော့ပဲ... အဆင့်အတန်းချင်း အရမ်းကွာခြားသွားတယ်.. ပေါက်လား မသိဘူး...

Intl Skl ကလေးတွေက အင်္ဂလိပ်စာကို မွှတ်နေ...နိုင်ငံခြားသွား ဘွဲ့လွန်တွေ ယူ...ပြန်လာပြီး ကုမ္ပဏီထောင်..
.အဲ့လက်အောက်မှာ အဖြူအစိမ်းနဲ့ ပြီးလာတဲ့ ကလေးတွေက လက်အောက်ငယ်သား ပြန်လုပ် ဒစ်လည်နေရော...
အများပြည်သူထားတဲ့ အဖြူအစိမ်းပညာရေးရဲ့ စကေးလ်တွေက အင်္ဂလိပ်ခေတ်က ( ဦးနု၊ ဦးသန့် ) တို့ ထွက်ခဲ့တဲ့ ကျွန်ပညာရေးထက် ပိုနိမ့်ကျတယ်ဆိုတာ လွန်မလား...

မိဘတွေ ခဗျာတော့ သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့ ...
ဘွဲ့ယူတော့ ဓာတ်ပုံ အလှပြစရာလေး တခုပဲရှိတယ် :D