မိန်းမတွေ ယောကျာ်းတွေ ဆီကလိုချင်တာ >>> ပိုက်ဆံငွေကြေးပြည့်စုံကြွယ်ဝမှု၊ အကောင်ကြီးကြီး အသိုင်းအ၀ိုင်းကြီးကြီးဖြစ်ဖို့ ၊ တသက်လုံးချမ်းချမ်းသာသာကြွယ်ကြွယ်၀၀ ခြေမွှေးမီးမလောင်ထားနိုင်ရမဲ့ သူဖြစ်ရမယ်။
နောက်ဆုံးထွက်သမျှ ဖက်ရှင်ဒီဇိုင်း၊ iphone latest၊ ပလက်တီနမ်၊ စိန်ရွှေ၊ အ၀တ်အထည်အကောင်းစား၊ ဆလင်းဘက်၊ ဒေါက်ဖိနပ် ၊၀မ်းဆက်စသည်ဖြင့် နောက်ဆုံးပေါ် ဒီဇိုင်းဆန်း ထွက်သမျှ တန်ဖိုးကြီးပစ္စည်းတိုင်းကို နှမြောတွန့်တိုခြင်းမရှိ ပက်ခနဲ ပက်ခနဲ ၀ယ်ပေးနိင်တဲ့သူမျိုး ဖြစ်ရမယ်။။။
ဘ၀ အနာ ဂတ် ခိုင်မာမှု နိုင်းလောက်ရှိရမယ်။ မိန်းမဖက်က မိဘဆွေမျိုး အသိုင်းအ၀ိုင်းကို ပေးကျွေးနိုင်ရမယ်။
မောင်လေးအတွက်၊ အမေအတွက်၊ အဖေ့အတွက်၊ ဘာညာသာရကာ...
မိန်းမဖက်က ရှိရှိသမျှ အမျိုးတွေအားလုံးကို ဝေသန္တရာ လုပ်ပေးနိုင်တဲ့သူဖြစ်ရမယ် ။ အာ့မှ စိတ်ထားပြည့်ဝပြီး သဘောကောင်းတယ်လို့ သတ်မှတ်ပေးမယ် :D
Personal Level မှာဆိုရင် လည်း မိန်းမကို ဂရုစိုက်ရတယ်။ ကြင်နာရမယ်။ ဖူးဖူးမှုတ်ထားရမယ်။
မိန်းမက တခွန်းဆို ၁ခွန်းနဲ့ ယောကျာ်းကမီးသေရမယ်။
အသက် ၄၀ကျော်ဖြစ်ဖြစ် မွေးနေ့မှာ Surprise လုပ်ပြီး စိန်ဆွဲကြိုးဆွဲပေးတာမျိုးလေးတွေ လုပ်ပေးရမယ်...
မိန်းမမှ တပါး မည်သည့်မိန်းမကိုမှ ( ပိုက်ဆံဘယ်လောက်ချမ်းသာတတ်နိုင်သည်ဖြစ်စေ ) ဖွန်ကြောင်ဖို့ ဝေးစွ၊ ကြည့်တောင် မကြည့်ရဘူး။
ယောကျာ်း အသက်သေချိန် နောက်ဆုံးထွက်သက်အထိ အဲ့မိန်းမတယောက်တည်းကိုပဲ စုပြုံချစ်၊ ဖူးဖူးမှုတ်၊ တဖု သ ဖြစ်နေရမယ်။ ဒါ မိန်းမတိုင်း လိုချင်တဲ့ ( ဖွင့်မပြောပေမဲ့ အော်ဆို သိတဲ့ ) အရာတွေ ပဲ
အာ့လို သေတဲ့အထိ သစ္စာရှိရှိ ပေးဆပ်ခြင်းမျိုးနဲ့ ချစ်တဲ့ကောင်မျိုးကို..
သေခါနီးကျရင် မိန်းမက အနမ်းလေးတပွင့် ပေးလိုက်လိမ့်မယ်။ အာဘွား :D :D
