Tuesday, July 18, 2017

Polygamy


တစ်လင်တစ်မယား ဥပဒေကြီး ဖျက်ပစ်စမ်းပါဗျာ... ရှုပ်လို့၊

မြန်မာ့ အစဉ်အလာ ဓလေ့ ထုံးစံမှာ ကိုယ်ကျွေးနိုင်ရင် ကျွေးနိုင်သလောက် မယား အများအပြား ယူလေ့ရှိကြတယ်။

တရွာ တကျီဆောက်တို့၊ အရှေ့အနောက် ၇ အိမ်သိရင် လင်မယား အရာ မြောက်တာတို့၊

ရှေးခေတ်က ဘုရင်တွေ ဆို မိန်းမ ၁၀၀ ၀န်းကျင်ရှိကြတယ်
နယ်စား မြို့စား ရွာစားတွေလည်း မယား အများအပြားပါ။

နောက်ဆုံး ဆဒ္ဒန်ဆင်မင်းတောင် မယား ၂ ယောက်နဲ့
သိဒ္ဒတ္ထမင်းသားတောင် မိဖုရားက ၁ယောက်ပဲရှိပေမယ့် ...မောင်းမ ကိုယ်လုပ်တော်ပေါင်းများစွာ ရှိတယ်...

မြန်မာနိုင်ငံလို အရှေ့တောင်အာရှမှာ လိင်ကိစ္စ အသောင်းကျန်းဆုံး ချန်ပီယံ နိုင်ငံမျိုးမှာ ဒီဥပဒေကြီးဟာ.... ၆၆ဃ လို...လူတိုင်းနဲ့ ငြိပြီး ..လုပ်ချင်တဲ့သူကို လုပ်သလို..... စောက်မြင်ကတ်ပုဒ်မကြီးလို ဖြစ်နေတယ်...

အခုခေတ်ဆယ်ကျော်သက်တွေက အစ... လိင်ကိစ္စ အရမ်း ခေတ်စားတဲ့ ကာလမျိုးမှာ ....ဒီဥပဒေကြီးဟာ လူတိုင်းနီးပါးနဲ့ ငြိနေပါတယ်ဗျာ။

ကျားတိုင်းဟာ အသားစားကြပါတယ်။ ဂေးလ်တွေ မပါ :D