Tuesday, July 18, 2017

Burmi Life


လက်တွေ့ကျကျ ပြောကြမယ်...

ဦးသိန်းစိန် အစိုးရလက်ထက်က ဟွန်ဒါဖစ် ကားတစ်စီးကို သိန်း ၁၀၀ ၀န်းကျင်နဲ့ ၀ယ်နိုင်တယ်...
အခု NLD အစိုးရထက်မှာ ဟွန်ဒါဖစ် ကားတစ်စီးကို သိန်း ၇၀နဲ့ လောက်နဲ့.. ပြည်သူတွေ ၀ယ်စီးနိုင်မယ်ဆိုရင်..
အမှန်တကယ်ပြောင်းလဲတယ်ဆိုတာ လက်ခံမယ်...

ဦးသိန်းစိန် အစိုးရလက်ထက်က ဒေါ်လာဈေး ၁၁၀၀ ၀န်းကျင်ရှိတယ်..
အခု NLD အစိုးရထက်မှာ ဒေါ်လာဈေး ၈၀၀ လောက် ဖြစ်အောင် လုပ်ပြနိုင်ခဲ့ရင်...အမှန်တကယ်ပြောင်းလဲတယ်ဆိုတာ လက်ခံမယ်...

မြေဈေး၊ ကုန်ဈေးနှုန်း၊ စသည့်ဖြင့်ပေါ့နော်...

မြန်မာပြည်သူတွေ... မြန်မာနိုင်ငံမှာ ...ကိုယ်ပိုင်လုံးခြင်းအိမ်ခြံလေးနဲ့ ကိုယ်ပိုင်ကားလေးနဲ့ နေနိုင်ပြီး..

အောက်ခြေပြည်သူအများစုက တလကို ၀င်ငွေ ဒေါ်လာ ၃၀၀ လောက်နဲ့ ကုန်ဈေးနှုန်းသက်သက်သာသာ ချောင်ချောင်ချိချိနေနိုင်ရင် တော်ပါပြီ..

အဲ့ဒီလိုသာ...NLD အစိုးရ လုပ်ပြနိုင်ရင်..ပစ်ပြီး ကိုးကွယ်ပြိုက်မယ် :D :D

အခုချက်ချင်း မဟုတ်ဘူးနော်...နောင် ၅ နှစ် အတွင်း၊ ၁၀ နှစ်အတွင်း...လုပ်ပြ...ပြည်သူတွေ စောင့်ကြည့်နေမယ် :D :D

စစ်အစိုးရနဲ့ နှိုင်းပြီး စစ်အစိုးရထက်တော့ သာတယ်တော့ မလုပ်နက် :D :D

အတန်းထဲမှာ အဆင့် ဘိတ်ချေး ရတဲ့ ကောင်နဲ့ လိုက်ပြိုင်ပြီး...သူ့ထက်တော့ သာတယ် လို့ ကြွားသလို ဖြစ်နေမယ် :D